ကျွန်တော်တို့ရဲ့မြို့ကလေး

Monday, January 3, 2011

ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း တဲ့ဗျိုး

ဟောဒီက ယူကြဦးမလား ..........

ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း တဲ့ဗျိုး
ရတနာပုံမှ သတင်းလေးပါ

ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းအလုံးရေတစ်သိန်းခွဲကို နေပြည်တော်တွင်စတင်ချပေးမည်

Wednesday,29 December 2010


ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းအလုံးရေတစ်သိန်းခွဲကို ပထမအဆင့်အနေဖြင့် နေပြည်တော်ဒေသတွင် လာမည့်လအတွင်း စတင်ချထားပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာ ၀န်ရှိသူတစ်ဦးကပြောကြားသည်။ အဆိုပါဖုန်းများမှာ ၀၉-၄၂၊ ၀၉-၄၃ စသည့်နံပါတ်များဖြင့်စတင်ပြီး ဂဏန်း ၁၀ လုံးရှိမည့်ဖုန်းများဖြစ်ဖွယ်ရာရှိပြီး ဖုန်းခေါ်ဆိုခကြိုတင်ပေးသွင်းငွေအဖြစ် ကျပ်ငါးသောင်းကို ပေးဆောင်ရန်လိုအပ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူက “ဂျီအက်စ်အမ်ဖုန်းတွေကို နေပြည်တော်မှာ ပထမဆုံးအနေနဲ့ ကျပ်ငါးသိန်းနဲ့အသုံးပြုခွင့်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေ ပါတယ်။ လောလောဆယ်အချိန်မှာတော့ အလုံးရေတစ်သိန်းခွဲလျာထားတယ်ဆိုပေမယ့် ဒီမှာရှိနေတဲ့ ဂျီအက်စ်အမ်နက်ဝပ်ခ်တာဝါတိုင်တွေနဲ့ ဆာဗာတွေနိုင်သလောက်အထိ ချထားပေးဖို့ရှိတယ်” ဟု ပြောသည်။ ထိုဖုန်းများတွင် ဖုန်းခေါ်ဆိုခမှာ သတ်မှတ်နယ်မြေအတွင်းသုံးစွဲပါက တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်း၊ သတ်မှတ်နယ်မြေပြင်ပ ကျော်လွန်သုံးစွဲပါက တစ်မိနစ်လျှင် ကျပ် ၆၀ နှုန်းနှင့် သတင်းတိုစာပို့စနစ်အတွက် တစ်စောင်လျှင် ၂၅ ကျပ်နှုန်းဖြစ်သည်။


ရေးသားသူ - ကိုသက်

Source : Internet Journal



@yatanarpon

No comments:

Post a Comment