ကျွန်တော်တို့ရဲ့မြို့ကလေး

Tuesday, January 4, 2011

စမတ်ဖုန်းအားလုံးအတွက် စနစ်တစ်မျိုးတည်းသောဖုန်းအားသွင်းစက်

၂၀၁၁ နှစ်ဆန်းပိုင်း၌ စမတ်ဖုန်းအားလုံးအတွက် စနစ်တစ်မျိုးတည်းသောဖုန်းအားသွင်းစက်သုံးနိုင်တော့မည်။


စမတ်ဖုန်းအားလုံးအတွက် စနစ်တစ်မျိုးတည်းသောဖုန်းအားသွင်းစက် များသာ ထုတ်လုပ်သုံးစွဲသွားရန် ကမ္ဘာ့ထိပ်တန်းဖုန်းကုမ္ပဏီ ကြီးများ၏အစီအစဉ်မှာ ၂၀၁၁ နှစ်ဆန်းပိုင်းတွင် စတင် အကောင်အထည် ပေါ်လာတော့မည်ဖြစ်ကြောင်းသိရသည်။ ကမ္ဘာ့ထိပ်တန်းဖုန်းကုမ္ပဏီကြီး ၁၄ ခုတို့မှ အဆိုပါ တစ်မျိုးတည်းသုံး အားသွင်းစက်အတွက် သဘောတူညီမှုတစ်ရပ်ကို ၂၀၀၉ ခုနှစ်ဇွန်လတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယခုအခါဥရောပ ကော်မရှင်ထံမှအသေးစိတ် စံသတ်မှတ်ချက်များ ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ နည်းပညာပိုင်းအရ အသေးစိတ်တည်ဆောက်မှုများကို လက်ရှိအသုံးပြုနေကျ Micro-USB Connector ပေါ်တွင် အခြေခံထားသည်။ ဆမ်ဆောင်း၊ အက်ပဲလ်၊ နိုကီယာနှင့် ဘလက်ဘယ်ရီဖုန်းကုမ္ပဏီများမှ အဆိုပါ သဘောတူညီချက်ကို ပါဝင် လက်မှတ် ရေးထိုးပြီးဖြစ်သည်။ အဆိုပါ Micro-USB ဂျက်ကို သဘောတူညီပြီးသား ကုမ္ပဏီ ၁၄ ခု အပါအ၀င် အခြားကုမ္ပဏီများမှလည်း အသုံးပြုသွားမည်ဖြစ်သည်။ သို့ရာတွင်အက်ပဲလ်ကမူ ၎င်း၏ စနစ်အတိုင်းသာ ဆက်သုံးသွားမည်ဖြစ်သည်။





Ref: Telegraph



သတင်းရင်းမြစ် weekly eleven No.14, Vol6

No comments:

Post a Comment