ကျွန်တော်တို့ရဲ့မြို့ကလေး

Sunday, November 6, 2011

Android OS နဲ့ မြန်မာစာ

အဲ သိပြီးသားလည်း ဖြစ်ချင်ဖြစ်ကြမှာပါ၊ Android Os မှာ အသုံးပြုနိုင်တဲ့ မြန်မာစာ (အခုလောလောဆယ်တော့ ဇော်ဂျီ) ထည့်သွင်း အသုံးပြုနိုင်တဲ့နည်းလေးပါ၊ ကျွန်တော် စမ်းသပ်ထားသလောက်က android 2.2 (froyo) 2.3 gingerbread မှာတော့ စမ်းသပ်ဖူးပါတယ်၊ အဲတစ်ခုရှိတာက ကျွန်တော် စမ်းသလောက်ကလည်း samsung galaxy series သက်သက်သာဖြစ်ပါတယ်၊ galaxy tab(with 2.2 & 2.3.3), galaxy mini (with 2.2 & 2.3.4) galaxy cooper (2.3), galaxy SII များနဲ့ စမ်းသပ်ဖူးပါတယ်၊ အားလုံးအဆင်ပြေပါတယ်။


လိုအပ်တဲ့ software ​တွေကတော့



zawgyi fonts
 myanmar keyboard
 myanmar qwerty keyboard
myanmar notes  for testing myanmar font



အဲဒါလေးတွေဒေါင်းပြီးသွားရင် အရင်ဆုံး Zawgyi font (zawgyi_one.apk) ကိုအရင် အင်စတော လုပ်ရပါမယ်၊ ပြီးရင် Myanmar Keyboard (MyanDroid....apk) ကို အင်စတောလုပ်ပါ၊ မြန်မာနုတ် (ဇော်ဂျီ ပတ်) ကိုတော့ လုပ်ရင်လည်းရသလို၊ မလုပ်ရင်လည်း ပြဿနာမရှိပါဘူး၊

အားလုံးပြီးပါက

android ရဲ့setting, display, font style မှာ Zawgyi one TTF ကို အရင်ပြောင်းပေးပါ၊ တစ်ခါတရံ restart လုပ်ပါတယ်၊ နောက်

android ရဲ့setting, Locale and text, Text setting မှာ myanDroid Soft Keyboard ကို select လုပ်ပေးပါ၊ အဲဒါပြီးရင် သုံးလို့ရပါပြီ၊

ဒါကတော့ galaxy tab မှာ MEF ကိုမြင်ရပုံမှာ (အဟဲ...တုန်ခြင်း၊ မှုန်ခြင်းသည်းခံပါ)







ဒါက galaxy mini (2.3.4 gingerbread) နဲ့ MEF ကိုမြင်ရပုံတွေပါ





ဒါက myanmar key beta soft key yပါ၊






ဒါက myandroid soft key board ပုံပါ၊




credit, myandroid soft key & Zaw gyi pad are created by ZMS from myanmartutorial.com

myanmarkey beta is created by thuria aye

Tuesday, November 1, 2011

မြန်မာဘာသာဖြင့် OS အသစ် Beta version စတင်စမ်းသပ်သုံးစွဲနိုင်ပါပြီ

ကဲ အခုတော့ အထက်ပါ သတင်းလေးအတိုင်း တကယ်ဖြစ်လာပါပြီ၊ ယခုလောလောဆယ်တော့ beta version စတင် စမ်းသပ် သုံးစွဲနိုင်ပါပြီ၊ .iso ဖိုင်ဖြစ်ပြီး nero နဲ့ burn ပြီးရင် boot လုပ်ပြီး အင်စတော လုပ်နိုင်ပါပြီ၊ အင်စတော လုပ်ပြီး မသုံးချင်သေးရင်လည်း၊ Live Version အနေနဲ့လည်း သုံးပြီး အစမ်းသုံးနိုင်ပါသေးတယ်၊ screen Shot တစ်ခုပါ


ရရှိနိုင်တဲ့ နေရာတွေကတော့
ပြည်တွင်းဆိုရင်


http://archive.myanmarnlp.org.mm/tharlon-iso/tharlon-latest-i386.iso

ဒါတွေက mirror တွေပါ။

http://goo.gl/2KKlW
http://rl.soenaung.info/files/tharlon-1.0-beta-i386.iso
http://zodictionary.com/tharlon/tharlon-1.0-latest-i386.iso

Facebook မှာဆိုရင်တော့

http://www.facebook.com/tharlon os ပါ

အခြား cd တိုက်ရိုက်ရယူနိုင်သော နေရာများပါ

ရန်ကုန်

Prime Art (BAK shopping Center), Fairway Web (Phone: 09 731 659 62, 731 000 85), MCF office(Myanmar Info-Tech), Itizen Journal Office .



မန္တလေး

nalazyboy@gmail.com
ACG Computing Group



သမန်းကုန်း

Planet Internet Access @ 64 street
Phone 02-80914



မုံရွာ

i-Campus Computer Center
Corner of Bogyoke Road & Computer University Stree, Myothit Quarter, Monywa
071-30432, 09-47061099 by Zaw Thurein Tun

တောင်ကြီး

ကိုရဲမွန်ကျော် 0973189308 ကိုဆက်သွယ်တောင်းယူပါ၊

အခြားမြို့များ မှ Tharlon OS beta ကို ရယူလိုလျှင် Myanmar L10n Teamနှင့် Prime Art (BAK shopping Center), Fairway Web (Phone: 09 731 659 62, 731 000 85), MCF office(Myanmar Info-Tech), Itizen Journal Office တို့ထံ၌ ဆက်သွယ်တောင်းယူပါ

ဘုရားသုံးဆူ
ယူနစ်ကွန်ပျူတာ (+66) 0852644373 တွင်လည်း တောင်းယူနိုင်ပါတယ်။ (ကျွန်တော် ဆီမှာလည်း)

Monday, March 7, 2011

အိန္ဒိယမိုဘိုင်းလ်ဖုန်းဂယက်နှင့် နိုင်ငံရေး ပြဿဒါးရက်များ

အိန္ဒိယမိုဘိုင်းလ်ဖုန်းဂယက်နှင့် နိုင်ငံရေး ပြဿဒါးရက်များ



By The Voice Weekly Originally posted 04/03/2011 12:59PM



စားဝတ်နေရေးထက် မိုဘိုင်းလ်ဖုန်းဝယ်သုံးရေးကို ပိုအလေးထားနေတဲ့ အိန္ဒိယ လူ့အဖွဲ့အစည်းမှာ အစိုးရကို ဝင်ဆောင့်နေတဲ့ လှိုင်းလုံးကြီးတစ်လုံး ရှိနေတယ်။ ဒီလှိုင်းလုံးရဲ့ဒဏ်ကို အိန္ဒိယအစိုးရ အလူးအလဲ ခံစားနေရတယ်။ ကမ္ဘာ့ဖွံ့ဖြိုးမှုအမြန်ဆုံး ဖုန်းဆက်သွယ်ရေးဈေးကွက် တည်ရှိတဲ့ အိန္ဒိယမှာ ၂၀၁၀ ပြည့်နှစ်ကုန်အထိ မိုဘိုင်းလ်ဖုန်းပေါင်း သန်း ၇၄၀ ကျော်ရှိတယ်။ ၂၀၁၃ ခုနှစ် အရောက်မှာ မိုဘိုင်းလ်ဖုန်း ကိုင်ထားနိုင်တဲ့ အိန္ဒိယပြည်သူ ၁၁၅၉ သန်း ရှိလာလိမ့်မယ်လို့ ခန့်မှန်း ကြတယ်။ အိန္ဒိယ မိုဘိုင်းလ်ဖုန်းဈေးကွက် လည်ပတ်ငွေကြေး ပမာဏက အမေရိကန်ဒေါ်လာ ၇၄ ဘီလီယံရှိနေပြီ။ ဒီဈေးကွက်က အမှီပြုပြီး တိုက်ရိုက် သက်မွေးဝမ်းကျောင်း ပြုနေတဲ့ လူအရေအတွက် ၃ သန်းနီးပါးရှိတယ်။ သွယ်ဝိုက်အရေအတွက် ခုနစ်သန်းဝန်းကျင် ရှိတယ်။ ဆိုရရင်လူ ၁၀ သန်းနီးပါး အလုပ်အကိုင် ရနေတယ်။ ဒီဈေးကွက်ကနေ အိန္ဒိယအစိုးရဟာ ဘဏ္ဍာရေးတစ်နှစ်ကို အခွန်အခ ဒေါ်လာဘီလီယံ ၃၀ လောက်ရနေတယ်။ အိန္ဒိယမိုဘိုင်းလ်ဖုန်း ဈေးကွက်မှာ နိုင်ငံပိုင် ကုမ္ပဏီတွေရော၊ ပုဂ္ဂလိက Operator တွေ ပါဝင်လှုပ်ရှားနေကြတာ ဖြစ်တဲ့အတွက် လှိုင်းလုံးကြီး ပေါ်ထွက်လာခဲ့တာပါ။



၁၈၅၃ ခုနှစ်ကစပြီး တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို တရားဝင် အသုံးချလာတဲ့ အိန္ဒိယမှာ ၁၈၈၀ ပြည့်နှစ်ကစလို့ ဖုန်းကုမ္ပဏီတွေ ရပ်တည် အလုပ်လုပ်ခွင့် ရလာခဲ့တာဖြစ်လို့ အိန္ဒိယဟာ တယ်လီဖုန်းနဲ့ အကျွမ်းတဝင် ဖြစ်နေခဲ့သလို ဆက်သွယ်ရေး ကွန်ရက်တွေကို အကြောင်းပြု အခြေခံတဲ့ အဂတိ လိုက်စားမှုတွေလည်း အတောမသတ်နိုင်အောင် ဖြစ်တည် နေခဲ့တယ်။ အိန္ဒိယမှာ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုစနစ်ကို ၁၉၉၅ ခုနှစ်က စတင်ခဲ့တာပါ။ အိန္ဒိယမှာ ပေါ်ထွက် လာခဲ့တဲ့ ညွန့်ပေါင်းအစိုးရ အဆက်ဆက်မှာ ပါတီစုံက ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ကြတာဖြစ်လို့ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အစိုးရတွေနဲ့ Ideology တွေကလည်း အကွဲကွဲအပြားပြား ဖြစ်ခဲ့တယ်။ အစိုးရအဖွဲ့ဝင်တွေ ကြားမှာရော၊ ပါလီမန်မှာပါ ပြည်တွင်း ဆက်သွယ်ရေး ကွန်ရက်ထဲ နိုင်ငံခြား ကုမ္ပဏီတွေကို ဝင်ခွင့်ပေးချင်သူတွေ၊ မပေးချင်သူတွေ၊ စည်းမျဉ်းသစ် ပြဋ္ဌာန်းချင်သူတွေ၊ မပြဋ္ဌာန်းချင်သူတွေ အမြဲတမ်းလိုလို ရှိနေခဲ့တယ်။ ဆက်သွယ်ရေး ကဏ္ဍမှာ Liberalization ရှိသင့်တယ်၊ မရှိသင့်ဘူးဆိုတဲ့ နိုင်ငံရေး ရှုထောင့်တွေကြားကပဲ လူတွေရဲ့ ဆက်သွယ်မှု ချောမွေ့ရေး လိုအင်က ကြီးထွားလာခဲ့တယ်။



ရွေးကောက်ပွဲကို ဖြတ်သန်းပြီး အာဏာရလာသူတွေ၊ အတိုက်အခံအဖြစ် ရပ်တည်ကြသူတွေကြားမှာ ပေါ်ထွက်လာတဲ့ သဘော တူညီချက်အရ နိုင်ငံခြား ကုမ္ပဏီတွေက ရှယ်ယာ ၄၉ ရာခိုင်နှုန်း ခံစားခွင့်ရပြီး အိန္ဒိယ ဈေးကွက်ထဲမှာ ဝင်လှုပ်ရှားကြတယ်။ ဒါကြောင့် အိန္ဒိယနယ်ခံ ဖုန်းကုမ္ပဏီတွေရဲ့ နည်းပညာတွေလည်း ခေတ်မီ ဖွံ့ဖြိုးလာတယ်။ နိုင်ငံပိုင် ဖုန်းကုမ္ပဏီကြီးတွေလည်း ဈေးကွက် မောင်ပိုင်စီးတာတွေ လွှတ်ချရပြီး ပြိုင်ဆိုင်မှု ပြင်းထန်နေတယ်။ မိုဘိုင်းလ်ဖုန်းဈေးကွက် ဝေစုပိုရရေး ယှဉ်ပြိုင်တာတွေနဲ့ လုပ်ပိုင်ခွင့် ရှိမှုတွေကနေ ကြီးပွား ချမ်းသာစေကြောင်း ရှာဖွေတတ်တဲ့ လူ့သဘာဝတို့ ထိပ်တိုက်တိုးတဲ့ အချိန်မှာ အာဏာရပါတီရော အစိုးရပါ ခေါင်းကိုက်နေရတဲ့ စိန်ခေါ်မှုကြီး ပေါ်ထွက်လာတာပါ။ အိန္ဒိယအစိုးရဟာ ၂၀၀၀ ပြည့်နှစ်ကစပြီး ပြည်တွင်းဖုန်းဈေးကွက်နဲ့ ပတ်သက်လို့ လစ်ဘရယ်မူဝါဒတွေ ကျင့်သုံးခဲ့တယ်။ လုပ်ငန်းလိုင်စင်ကြေး နှုန်းထား လျှော့ပေးတယ်။ ပုဂ္ဂလိကပိုင် ကဏ္ဍကို တိုးချဲ့တယ်။ နိုင်ငံခြားကုမ္ပဏီတွေကို ရှယ်ယာ ၇၄ ရာခိုင်နှိုင်းအထိ ပိုင်ခွင့် တိုးပေးခဲ့တယ်။ လူလတ်တန်းစား တိုးပွားရေးဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ ကောင်းမယ်လို့ ယူဆတာတွေကို ဖော်ဆောင်ခဲ့တာလို့ ဆိုရပါတယ်။



GSM, CDMA မိုဘိုင်းလ်ဖုန်းတွေကို ဆင်းရဲနွမ်းပါး ပြည်သူတွေ လွယ်လင့်တကူ ဝယ်သုံးနိုင်တဲ့အထိ အောင်မြင်မှုတွေ ရခဲ့တယ်။ ၂၀၀၉ ခုနှစ်တုန်းကဆိုရင် တရုတ်က ထုတ်လုပ်တဲ့ မိုဘိုင်းလ်ဖုန်း ဟန်းဆက်တွေကို တင်သွင်းခွင့် ပိတ်လိုက်တဲ့အထိ အိန္ဒိယ အစိုးရအနေနဲ့ ပြည်တွင်းဈေးကွက် ဖွံ့ဖြိုးကြီးထွားနေအောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ ...။ အိန္ဒိယဈေးကွက်ထဲကို ရောက်နေတဲ့ Apple, Blackberry, e Touch, Nokia, LG, Samsung, Siemens, Wyncomm တို့အပါအဝင် ပြည်တွင်း၊ ပြည်ပ ဖုန်းကုမ္ပဏီပေါင်း ၈၈ ခုလုံးဟာ လုပ်ငန်း တွင်ကျယ် နိုင်စေဖို့အတွက် ဆိုင်ရာပိုင်ရာ အာဏာပိုင်တွေကို ဆက်သမှုတွေ လုပ်နေကြရတယ်။ ဒီအခင်း အကျင်းဟာ ဒီမိုကရေစီ နိုင်ငံတော် အိန္ဒိယရဲ့ ဂုဏ်သရေကိုရော၊ လက်ရှိ အာဏာရ နိုင်ငံရေး အင်အားစုတွေရဲ့ သမာဓိကိုပါ အကြီးအကျယ် ထိခိုက်နေစေတဲ့ အတွက် အတိုက်အခံ အင်အားစုတွေက ဝိုင်းထောက်ကြတဲ့ အခါမှာ အာဏာရ ကွန်ဂရက်ပါတီ အကြီးအကဲ ဆိုနီယာဂန္ဒီနဲ့ ပါတီကိုယ်စားပြု ဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့ ခေါင်းကိုက်နေကြရပါပြီ။



အထင်ရှားဆုံးနဲ့ အဆိုးဝါးဆုံး မိုဘိုင်းလ်ဖုန်းဆိုင်ရာ အဂတိလိုက်စားမှု ကျူးလွန်တဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း အေရာဂျာကို ရဲတပ်ဖွဲ့က အရေးယူ ထိန်းသိမ်းလိုက်ပေမယ့် ဖုန်းဂယက်ကြောင့် အိန္ဒိယနိုင်ငံရေး နယ်ပယ်ဟာ ပြဿဒါးရက်တွေကို ဖြတ်သန်း နေရတယ်။ အထိန်းသိမ်းခံ ဝန်ကြီးဟောင်း အေရာဂျာမှာ DMK ပါတီမှ တမီးလ်လူမျိုး ကိုယ်စားလှယ်။ အသက် ၄၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အေရာဂျာဟာ ၁၉၉၆ ခုနှစ်မှာ ပါလီမန်ထဲ ရောက်လာခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ၂၀၀၇ ခုနှစ်မှာ ဆက်သွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်ထဲမှာ 2G မိုဘိုင်းလ်ဖုန်း လိုင်စင်ချပေးခဲ့မှုဆိုင်ရာ စွဲချက်တွေကြောင့် ရာထူးက နုတ်ထွက်ခဲ့ရတယ်။ အေရာဂျာဟာ ဆက်သွယ်ရေး ဝန်ကြီးလုပ်တော့ First-Come- First-Serve မူဝါဒနဲ့ လိုင်စင်တွေ ချပေးတယ်။ မိုဘိုင်းလ်ကို အပေါ်ယံ ဖန်တီးပြခဲ့ပြီး နောက်ကွယ်မှာ “စားပွဲအောက်က လက်ကိုကြည့်” စနစ်နဲ့ Political Corruption လုပ်တယ်။ အေရာဂျာ ဘယ်လောက် ရသွားတယ်၊ ဘယ်လောက် ယူသွားတယ်ဆိုတာတွေ စစ်ဆေးနေကြတုန်း ဖြစ်ပေမယ့် အိန္ဒိယ အစိုးရ ကနေ 2G မိုဘိုင်းလ်ဖုန်း ဖန်တီးမှုကနေ နိုင်ငံအတွက် ရသင့်တဲ့ငွေ ဒေါ်လာဘီလီယံ ၄၀ ကျော် နစ်နာခဲ့ရတယ်။



အေရာဂျာဟာ လက်သင့်ရာ စားတော်ခေါ်ပြီး ငွေတွေ သဲ့ယူသွားခဲ့တာ။ သူ့ကို ဆက်သွယ်ရေးဝန်ကြီး ခန့်ထားခဲ့မိတဲ့ သူတွေကတော့ မေးခွန်းတွေကို ဖြေနိုင်ဖို့ ကြိုးစားနေရပြီ။ လက်ရှိ အာဏာရပါတီနဲ့ အစိုးရအတွက် နိုင်ငံရေး ချို့ယွင်းချက်ကြီးတစ်ခု ဖြစ်သွားရပြီ။ လက်ရှိ ဆက်သွယ်ရေးဝန်ကြီး ကာပီလ်ဆီဘားလည်း နေထိုင်လုပ်ကိုင်ရတာ အရမ်း ကျပ်တည်းသွားပြီ။ အဆိုးဆုံးကတော့ အိန္ဒိယ နိုင်ငံရေးသမားတွေဟာ လုပ်ပိုင်ခွင့် ရပြီဆိုရင် နိုင်ငံရေး သစ္စာစောင့်ထိန်းနိုင်မှု လျော့ပါးသွားပြီး ရာဇဝတ်သင့် နိုင်ငံရေးသမားတွေ ဖြစ်လာလေ့ ရှိသလားဆိုတဲ့ ပုစ္ဆာကို ရင်ဆိုင် လိုက်ကြရတာပါပဲ။ အိန္ဒိယပါလီမန်မှာရှိတဲ့ အမတ်ဦးရေ လေးပုံတစ်ပုံလောက်ဟာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေကို ရင်ဆိုင်ခဲ့ကြရတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာက ၂၀၀၈ ခုနှစ်အတွင်း ဖော်ပြခဲ့တယ်။ လက်ရှိ အချိန်မှာ အိန္ဒိယပြည်သူ ၇၅ ရာခိုင်နှုန်းဟာ ဌာနဆိုင်ရာတွေ အဂတိ လိုက်စားမှုဒဏ်ကို ရင်ဆိုင်ခံစား နေကြရတယ်တဲ့။ အိန္ဒိယမှာ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေထဲက ၈၅ ခုဟာ အရည်အချင်း မပြည့်ဘဲနဲ့ လုပ်ငန်း ထူထောင်ခွင့် ရထားကြတယ်လို့ အိန္ဒိယ မီဒီယာတွေက ဆိုတယ်။



အိန္ဒိယမှာ အခုဆိုရင် 3G မိုဘိုင်းလ်ဖုန်းတွေနဲ့ New Cricle တွေ ဖန်တီးထားနိုင်ပြီ ဖြစ်ပေမယ့် မိုဘိုင်းလ်ဖုန်းတွေကို BWA လို့ခေါ်တဲ့ Broadband Wireless Access နဲ့ ချိတ်ဆက် အသုံးပြုစေနိုင်ပေမယ့် နိုင်ငံရေး နယ်ပယ်မှာတော့ အဂတိလိုက်စားမှု အညစ်အကြေး တွေကြောင့် “လူကြီးမင်းတို့ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေပါသဖြင့်...” ဆိုတဲ့ အခြေဆိုက်နေတာက “လူအဓိကလား၊ လုပ်ငန်းအဓိကလား” ဆိုတဲ့ မေးခွန်းကို ထပ်မံလေးနက် စေနေပါတယ်။ အိန္ဒိယရဲ့ Mr.Clean လို့ သတ်မှတ်ခံရတဲ့ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကတော့ မိုဘိုင်းလ်ဖုန်း လုပ်ငန်း လိုင်စင်ချပေးမှု အားလုံးကို ဆန်းစစ်ပြင်ဆင်ဖို့ ကြိုးပမ်းနေပါပြီ။ လုပ်ငန်း နယ်ပယ်ကတော့ ဖွံ့ဖြိုး အပြန့်ကျယ်နေတုန်း။ အိန္ဒိယ နိုင်ငံသားတွေလည်း ဖုန်းပြောလို့ ကောင်းကြတုန်း။ လက်ရှိအစိုးရလည်း ဘယ်နေရာကနေစပြီး ပြုပြင် ပြောင်းလဲရေးတွေ လုပ်ရင်ကောင်းမလဲ နဖူးပေါ်လက်တင် စဉ်းစားနေတုန်း။



ဘယ်နိုင်ငံမဆို ခေတ်မီမိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး စနစ်ကောင်းတွေ ရှိနေအောင် ဖန်တီးကြိုးပမ်း တည်ဆောက်နေကြတယ်။ စနစ်၊ လုပ်ငန်း၊ လူ သုံးနားညီ ဟန်ချက်မှန် အလုပ်လုပ်နိုင်စွမ်း မရှိသေးသရွေ့ ဘယ်နိုင်ငံမှာမဆို နိုင်ငံရေး စိန်ခေါ်ချက်တွေ ရှိနေဦးမှာလည်း သေချာပါတယ်။နိုင်ငံရေး ပြဿဒါးရက်တွေ ဖြတ်သန်းနေရပြီဖြစ်တဲ့ အိန္ဒိယမိုဘိုင်းလ်ဖုန်း ဂယက်ကတော့ ဘယ်အတိုင်းအတာအထိ ရိုက်ခတ် နေဦးမလဲ ဆိုတာ ခန့်မှန်းရ ခက်ပါသေးတယ်။ အိန္ဒိယပါလီမန် အမတ်တွေ၊ နိုင်ငံရေး ပါတီတွေကတော့ နိုင်ငံဖွံ့ဖြိုးရေးနှင့် နိုင်ငံရေး ပြဿနာတွေ ပြေလည် သွားရေးအတွက် အစီအစဉ်သစ်တွေ ရှာဖွေနေကြတယ်။ ဒီရှာဖွေနေမှုတွေမှာ နိုင်ငံရေး ရည်မှန်းချက်တွေ ပါဝင်နေမှာလည်း သေချာတယ်။ “ဟဲလို... ကမ္ဘာကြီးလား။ အိန္ဒိယ ပြောနေတာပါ။ အားလုံး ကောင်းပါသည်ခင်ဗျား” ဆိုတဲ့ အသံ ကြားရဖို့ အချိန် စောင့်ရဦးမယ် ထင်ပါရဲ့။



ရဲမင်းဦး

Ref: Hindustan, Times, AP, The Observer



Voice Journal @yatanarpon

CDMA 800 MHz သုံး HUAWEI ဟန်းဆက်များ 450 MHz သို့ ပြောင်းသုံးနိုင်

CDMA 800 MHz သုံး HUAWEI ဟန်းဆက်များ 450 MHz သို့ ပြောင်းသုံးနိုင်Average:


0.Your rating: None

By IT weekly





မန်းမှာ 800 MHz သုံး Huawei ဟန်းဆက်တွေကို CDMA 450 MHz ငါးသိန်းဖုန်း (နံပါတ် ၀၉-၄၇၁ . . .) RUIM ကတ်ကို အသုံးပြုလိုရင် Channel ပြောင်းဖို့ လိုတယ်လို့ ဖုန်းအကျိုးဆောင် တစ်ဦးက ဆိုပါတယ်။CDMA 800 MHz (၀၉-၉၁၀. . . . .) RUIM ကတ် ထည့်သွင်း အသုံးပြုနေတဲ့ Huawei ဟန်းဆက်တွေထဲကို CDMA 450 MHz (၀၉-၄၇၁ . . . .) RUIM ကတ် ပြောင်းလဲ ထည့်သွင်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ Huawei ဟန်းဆက်ပဲ သုံးနိုင်ပြီး တခြားဟန်းဆက် အမျိုးအစားတွေမှာတော့ အသုံးပြုလို့ မရဘူးလို့ သိရပါတယ်။ 450 MHz (၀၉-၄၇၁ . . . .) RUIM ကတ်နဲ့ သုံးမယ်ဆိုရင် Channel နပါတ် ၇၃ သို့ ပြောင်းရမှာဖြစ်ပြီး 800 MHz (၀၉-၉၁၀ . . . ) RUIM ကတ်နဲ့ သုံးမယ်ဆိုရင် Channel နံပါတ် 199 သို့ ပြောင်းကာ အသုံးပြုရမှာ ဖြစ်ပါတယ်။ ပြောင်းပုံ အဆင့်ဆင့်ကတော့ ဖုန်းနံပါတ်သစ် တစ်ခုခုသို့ ခေါ်ဆိုဖို့ အသင့်ဖြစ်နေတဲ့ အနေအထားမှာ ## 497163 Keypad တွေကို ရိုက်နှိပ်အပြီးမှာ ဖုန်းခေါ်ဆိုတဲ့ Keypad ကိုနှိပ်ရမှာ ဖြစ်ပါတယ်။ (ဖုန်းနံပါတ် ## 497613 သို့ ဖုန်းခေါ်ဆိုတယ်လို့ ရိုးရိုးရှင်းရှင်း မှတ်ယူနိုင်ပါတယ်။) အဲဒီ့အခါ Menu ကျလာပါမယ်။ ကျလာတဲ့ Menu တွေထဲက RF test ကို ရွေးချယ်ပြီး Select လုပ်ရပါမယ်။ နောက်ထပ် Menu (Submenu)ကျလာပါလိမ့်မယ်။ ကျလာတဲ့ Menu တွေ Channel ကို ရွေးပြီး Select လုပ်ရပါဦးမယ်။ နောက်ထပ် Sub-menu တစ်ခု ထပ်ကျလာပါမယ်။ Menu တွေထဲက 1× Channel ကိုထပ်ရွေးပြီး Select လုပ်လိုက်တဲ့ အခါမှာတော့ သက်ဆိုင်ရာ Channel နံပါတ် ရိုက်ထည့်နိုင်တဲ့ Box လေးကျလာမယ်လို့ သူကဆိုပါတယ်။ ကျလာတဲ့ Box ထဲမှာ CDMA 450 MHz သုံးနိုင်ဖို့ Channel နံပါတ် 73 ကို ရိုက်ထည့်ရမှာ ဖြစ်ပြီး CDMA 800 MHz သုံးမယ် ဆိုရင်တော့ Channel နံပါတ် 199 ကို ရိုက်ထည့်ကာ အပြန်အလှန် ပြောင်းလဲ အသုံးပြုနိုင်တာ ဖြစ်တယ်လို့ သူက ဆက်ရှင်းပြပါတယ်။



ရေးသားသူ - လပြည့်

IT weekly @yatanarpon

Sunday, February 27, 2011

Psi စလောင်းတပ်ဆင်မှု မွမ်းမံသင်တန်း 26-2-2011

Psi စလောင်းတပ်ဆင်မှု မွမ်းမံသင်တန်း 26-2-2011 မှ မှတ်တမ်း ဓါတ်ပုံများ


Sunday, January 23, 2011

ပြည်တွင်းတွင် ATM & DEBIT card များ သုံးနိုင်တော့မည်

မကြာမီ လုပ်ကိုင်ခွင့်ပေးတော့မည့် ATMကတ်နှင့် Debit ကတ်စနစ်များ အသုံးပြုနိုင်ရန် ပြည်တွင်းဘဏ်များ ပြင်ဆင်




မြန်မာနိုင်ငံ ငွေရေးကြေးရေးအဖွဲ့အစည်းများဖြစ်သော ပြည်တွင်းဘဏ်များသည် ယခုနှစ်အတွင်း မကြာမီ လုပ်ကိုင်ခွင့်ပေးတော့မည့် ATM ကတ်နှင့် Debit ကတ်စနစ်များ အသုံးပြုနိုင်ရန် ပြင်ဆင်လျက်ရှိပြီး အစိုးရ-ပုဂ္ဂလိက ဖက်စပ်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ အပါအ၀င် ဘဏ်အများစု လုပ်ကိုင်ခွင့်ရလာမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။
"အစိုးရ-ပုဂ္ဂလိက ဖက်စပ်ဘဏ်တွေ၊ ပုဂ္ဂလိကပိုင်ဘဏ်တွေ အနေနဲ့ ဗဟိုဘဏ်ကခွင့်ပြုတာနဲ့ အကြွေးဝယ်ကတ်နဲ့ အေတီအမ်ကတ်တို့ကို အသုံးပြုနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဘဏ်အများစု လုပ်ကိုင်ခွင့်ရလာနိုင်တယ်။ ဗဟိုဘဏ်ကရော ပြည်တွင်းဘဏ်တွေကပါ တာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်း၊ ပြည်ပမှာ လေ့လာနေတာ ရှိပါတယ်။ အသုံးပြုရမယ့်စက်တွေ၊ ဆော့ဖ်ဝဲတွေ၊ စနစ်တွေကို လေ့လာနေတာပါ"ဟု ဘဏ်လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းဖြစ်သော ဘဏ်လုပ်ငန်းအသိုင်းအ၀ိုင်းသည် ၂၀၁၀ ပြည့်နှစ်အတွင်း ပုဂ္ဂလိကဘဏ်သစ်လေး ဘဏ်တည်ထောင်ခွင့်ပေးပြီး နောက်ပိုင်းပြန်လည်တိုးတက်လာပြီး အခြားငွေရေးကြေးရေး လုပ်ကိုင်ခွင့်များကို ဆောင်ရွက်နိုင်ရန် မျှော်မှန်းပြင်ဆင်လာကြကြောင်း၊ ပြည်တွင်းငွေကြေး လည်ပတ်မှုနှင့် ငွေပေးချေမှုများ ပိုမိုအဆင်ပြေစေရန် အကြွေးဝယ်ကတ် ၀န်ဆောင်မှုကို ဆောင်ရွက်ခွင့်ရလာရန် ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းက လိုလားကြောင်း သိရပါသည်။
"တာဝန်ရှိသူတွေကလည်း ပြည်တွင်းဘဏ်လုပ်ငန်းတွေကို အကြွေးဝယ်ကတ် အသုံးပြုခွင့်ပေးချင်တယ်လို့ သိရတယ်။ အဓိကကတော့ ငွေကြေးလည်ပတ်မှုနဲ့ ငွေပေးချေမှု ပိုအဆင်ပြေလာဖို့ ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်သစ် တချို့ဆို ဘဏ်စတည်ထောင်ကတည်းက အကြွေးဝယ်ကတ်အသုံးပြုခွင့်ပေးတာနဲ့ ၀န်ဆောင်မှုပေးနိုင်ဖို့ ပြင်ဆင်ထားတာ တွေ့ရတယ်။ တကယ်အသုံးပြုခွင့်ပေးရင် ဘဏ်တွေအနေနဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ စနစ်တကျလုပ်ကိုင် တတ်ဖို့တော့လိုမှာပါ"ဟု ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေး ပညာရှင်တစ်ဦးက ထင်မြင်ချက်ပေးပါသည်။
ကမ္ဘာ့နိုင်ငံအချို့တွင် အကြွေးဝယ်ကတ်ကို ၁၉၅၉ ခုနှစ်မှ စတင် ကာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က ကမ္ဘာ့အကြွေးဝယ်ကတ် ကုမ္ပဏီများဖြစ်သော Master Card နှင့် Visa Card တို့မှ လာရောက်ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ထို့နောက် လက်ရှိအစိုးရလက်ထက် ဈေးကွက်စီးပွားရေးစတင်ပြီး ၁၉၉၄ ခုနှစ်တွင် ပြန်လည်အသုံးပြုခဲ့ပြီး ၂၀၀၃ ခုနှစ်ဆန်းပိုင်းထိ ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုခဲ့သော်လည်း ၂၀၀၃ ခုနှစ်အတွင်း ပုဂ္ဂလိကဘဏ် အချို့ တွင်ဖြစ်ခဲ့သည့်ငွေဖြစ်လွယ်မှုအကျပ် အတည်းနှင့်ကြုံတွေ့ချိန်တွင် အဆိုပါ အကြွေးဝယ်ကတ်စနစ်ကိုကန့်သတ် ခဲ့ရကြောင်းနှင့် ၂၀၁၀ ပြည့်နှစ်တွင် အစိုးရပိုင်စီးပွားရေးဘဏ်ကို အကြွေးဝယ်ကတ်စနစ် တစ်မျိုးဖြစ်သည့် Smart Card သုံးစွဲခွင့် ပြန်လည်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

အကြွေးဝယ်ကတ်သည် ဘဏ်များ၏ အဓိကလုပ်ငန်းများဖြစ်သော အပ်ငွေလက်ခံခြင်း လုပ်ငန်းနှင့် ငွေထုတ်ချေးခြင်း လုပ်ငန်းကို တစ်ပြိုင်တည်း အကောင်အထည်ဖော်နိုင်သည့် စနစ်ဖြစ်ပြီး လက်လီဘဏ်လုပ်ငန်း (Retail Banking) ဖြစ်သည်။ ထို့အပြင် အကြွေးဝယ်ကတ်သည် စားသုံးသူချေးငွေ အခွင့်အလမ်းတစ်ရပ် (Consumer Credit Facility) ဖြစ်ပြီးငွေကြေးလည်ပတ်မှုကို အထောက်အကူပြုခြင်း၊ ငွေကိုင်ပြီး အသုံးပြုရန် မလိုအပ်ခြင်း၊ ငွေကြေးလုံခြုံမှုရှိ ခြင်း၊ ငွေရေတွက်ရသက်သာခြင်း၊ ဘဏ်ထုပ် ထုပ်ရန် မလိုအပ်ခြင်း၊ လုံခြုံအောင် သိမ်းဆည်းရန် လွယ်ကူခြင်း၊ သယ်ဆောင်ရလွယ်ကူခြင်း၊ ဘဏ်ငွေအသွင်းအထုတ် လုပ်ရန်မလိုအပ်ခြင်း၊ ဘဏ်များမှစာရင်း ရှင်အပ်နှံငွေရရှိခြင်းစသည့် အားသာချက်များရှိကြာင်း၊ အလားတူ အားနည်းချက်များလည်းရှိပြီး စည်းမျဉ်း စည်းကမ်းနှင့် စောင့်ကြည့်ထိန်းသိမ်းမှု အားနည်းခြင်းများဖြစ်ပေါ်နေချိန်တွင် တွေ့ရှိရနိုင်သည့် အားနည်းချက်များမှာ ငွေကြေးဖောင်းပွမှု များပြားနိုင်ခြင်း၊ ကုန်ဈေးနှုန်းတက်နိုင်ခြင်း၊ စားသုံးသူများမှ လွယ်လွယ်များများ အသုံးပြုနိုင်ခြင်းကြောင့် အကြွေးဝန် ထုပ်ဝန်ပိုးများလာခြင်း၊ အသုံးစရိတ်များလာခြင်းတို့ကို ကြုံတွေ့နိုင်ကြောင်းသိရသည်။



@ ELEVEN NEWS

Wednesday, January 19, 2011

TD_SCDMA မိုဘိုင်းဖုန်းလိုင်းသစ်

TD_SCDMA မိုဘိုင်းဖုန်းလိုင်းသစ်မိတ်ဆက်


အတွဲ(12) အမှတ်(2)

Wednesday, 12 January 2011

Share


အိုင်ပီစနစ်အသုံးပြု၍ ဗီဒီယိုနှင့်တယ်လီဖုန်းလိုင်းနှစ်မျိုးစလုံးကို ပူးတွဲသုံးစွဲနိုင်မည်ဖြစ်သော TD_SCDMA မိုဘိုင်းဖုန်းလိုင်းသစ်ကို န၀မအကြိမ်မြောက် ရတနာပုံနည်းပညာပွဲတော်တွင် FISCA ကုမ္ပဏီလီမိတက်မှ မိတ်ဆက်ပြသခဲ့သည်။ Datang အမည်ရှိသော တရုတ်နည်းပညာကုမ္ပဏီတစ်ခုသည် TD Mobile အမည်ဖြင့် လာရောက်မိတ်ဆက်ပြသခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌ အဆိုပါမိုဘိုင်းဖုန်းလိုင်း သစ်လုပ်ကိုင်ခွင့်ရရှိနိုင်စေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဆွေးနွေးညှိ့နှိုင်းလျှက်ရှိကြောင်း သိရသည်။ “GSM တွေ၊ CDMA တွေလိုပဲ TD_SCDMA ဆိုတာကလည်း မိုဘိုင်းဖုန်းလိုင်းနည်းပညာအသစ်တစ်ခုပဲဖြစ်ပါတယ်။ အိုင်ပီစနစ်သုံးစွဲတာကြောင့် ဗီဒီယိုအနေနဲ့ရုပ်ကိုပါမြင်လို့ရတဲ့ ထူးခြားချက်တွေပါလာပါတယ်။ ဒါကြောင့် မျက်နှာချင်းဆိုင် စကားပြောဆိုလို့ရတာတွေဖြစ်လာမယ်” ဟု TD Mobile နှင့်ပူးပေါင်း၍ မိုဘိုင်းဖုန်းလိုင်းသစ်ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သော FISCA ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တယ်လီဖုန်းလိုင်းသစ်၏ Frequency နှင့် တန်ဖိုးငွေများကို မသိရှိရသေးသော်လည်း ခွင့်ပြုချက်ရရှိသည်နှင့် ကွန်ရက်သစ်ကို စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း လက်ရှိအသုံးပြုလျှက်ရှိသော မိုဘိုင်းဖုန်းလိုင်းများနည်းတူ တယ်လီဖုန်းလိုင်းအသုံးပြုမှုကောင်းမွန်နိုင်မည်ဖြစ်ကြောင်း ၄င်းကပြောသည်။ ပြည်တွင်း၌ ဆယ်လူလာဖုန်းများ၊ GSM ဖုန်းများ၊ CDMA ဖုန်း များနှင့် မက်ဝဲလ်ဖုန်းလိုင်းများကို မိုဘိုင်းဖုန်းလိုင်းများအဖြစ် ငှားရမ်းသုံးစွဲခွင့်ပြုခဲ့ပြီးဖြစ်သည်။

ရေးသားသူ - မြင့်ကျော်လှိုင်
@Internetjournal

Tuesday, January 4, 2011

စမတ်ဖုန်းအားလုံးအတွက် စနစ်တစ်မျိုးတည်းသောဖုန်းအားသွင်းစက်

၂၀၁၁ နှစ်ဆန်းပိုင်း၌ စမတ်ဖုန်းအားလုံးအတွက် စနစ်တစ်မျိုးတည်းသောဖုန်းအားသွင်းစက်သုံးနိုင်တော့မည်။


စမတ်ဖုန်းအားလုံးအတွက် စနစ်တစ်မျိုးတည်းသောဖုန်းအားသွင်းစက် များသာ ထုတ်လုပ်သုံးစွဲသွားရန် ကမ္ဘာ့ထိပ်တန်းဖုန်းကုမ္ပဏီ ကြီးများ၏အစီအစဉ်မှာ ၂၀၁၁ နှစ်ဆန်းပိုင်းတွင် စတင် အကောင်အထည် ပေါ်လာတော့မည်ဖြစ်ကြောင်းသိရသည်။ ကမ္ဘာ့ထိပ်တန်းဖုန်းကုမ္ပဏီကြီး ၁၄ ခုတို့မှ အဆိုပါ တစ်မျိုးတည်းသုံး အားသွင်းစက်အတွက် သဘောတူညီမှုတစ်ရပ်ကို ၂၀၀၉ ခုနှစ်ဇွန်လတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယခုအခါဥရောပ ကော်မရှင်ထံမှအသေးစိတ် စံသတ်မှတ်ချက်များ ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ နည်းပညာပိုင်းအရ အသေးစိတ်တည်ဆောက်မှုများကို လက်ရှိအသုံးပြုနေကျ Micro-USB Connector ပေါ်တွင် အခြေခံထားသည်။ ဆမ်ဆောင်း၊ အက်ပဲလ်၊ နိုကီယာနှင့် ဘလက်ဘယ်ရီဖုန်းကုမ္ပဏီများမှ အဆိုပါ သဘောတူညီချက်ကို ပါဝင် လက်မှတ် ရေးထိုးပြီးဖြစ်သည်။ အဆိုပါ Micro-USB ဂျက်ကို သဘောတူညီပြီးသား ကုမ္ပဏီ ၁၄ ခု အပါအ၀င် အခြားကုမ္ပဏီများမှလည်း အသုံးပြုသွားမည်ဖြစ်သည်။ သို့ရာတွင်အက်ပဲလ်ကမူ ၎င်း၏ စနစ်အတိုင်းသာ ဆက်သုံးသွားမည်ဖြစ်သည်။





Ref: Telegraph



သတင်းရင်းမြစ် weekly eleven No.14, Vol6

Monday, January 3, 2011

မြန်မာဘာသာသုံး OS အသစ် မကြာမီ ထွက်တော့မည်

ဒီလိုဗျာ ကျွန်တော်က ကွန်ပျူတာနဲ့ ပတ်သက်ပြီး မတောက်တခေါက်လေး တတ်ထားတော့ သူငယ်ချင်းများ၊ သူငယ်ချင်းမဟုတ်သူများ က အကူညီတောင်းရင် ကွန်ပျူတာကို Clone လေးဆင်ပေးလိုက်၊ Branded လေး ဝယ်ပေးလိုက် လုပ်ပါတယ်၊ ကွန်ပျူတာ အဟောင်းလေးများကိုလည်း သုံးစွဲသူ (user) စိတ်ကြိုက်ဖြစ်အောင် Upgrade လုပ်ပေးလိုက်ပေါ့ဗျာ၊ အဲဒီလို လုပ်ပေးတဲ့အခါ ကျွန်တော် နေတဲ့ နေရာက ထိုင်းနယ်စပ်ဆိုတော့ကာ၊ Branded တွေဝယ်ပေးမိတဲ့အခါ၊ OS (Built In) ပါလာတာတဲ့အခါ ပြဿနာအကြီးအကျယ် တက်ပါလေရော၊ သိတယ်ဟုတ်လား ထိုင်းကဝယ်တော့ windows တစ်ခုလုံး ယပက်လက် (ထိုင်း) လိုချည်းပဲ၊ windows ပြန်တင်ရအောင်လည်း original licences ပြန်မတင်ရင်လည်း သုံးမယ့် သူတွေက (ဝယ်တဲ့သူ) သုံးမရ၊ နောက်မှ လိုက်ရှာကြည့်တော့ win xp မှာ (LIP=Langauge Interface Pack) ကိုတွေ့တော့ မှ ပြန်ဖြုတ်ပစ်၊ Regional setting ကို Myanmar ပြောင်း၊ ဟိုလုပ်ဒီလုပ်နဲ့ မှ International ပြန်ရ၊ ပြီးတော့ရော မပြီးသေးဘူး၊ သုံးတဲ့သူတွေက ပြဿနာရှာ (Complian) တက်ကြပြန်ရော၊ ရှမ်း(ထိုင်း) ဝင်းဒိုး တောင်ရှိတယ်၊ (အမှန်ပြောရရင် အရှေ့တောင်အာရှ မှာ မြန်မာကလွဲရင် အကုန် သူတို့ဒေသ ဗားရှင်း ရှိသလားတောင်မသိဘူး) မြန်မာဝင်းဒိုးပဲ ထည့်ပေးပါတဲ့၊ (ပြဿနာ) အဲဒါနဲ့ ဟိုလုပ်ဒီလုပ်နဲ့ My myanmar Unicode ကိုတွေ့သွားတော့ အဲဒါလေးသုံးပေးလိုက်ရင် နည်းနည်းတော့ အဆင်ပြေသား၊


အဲကြော်ငြာ ဝင်နေတာတဲ့လိုရင်းမရောက် ဖြစ်တော့မယ်၊ အခုတော့ The Voice Journal Jan-11 ကို (MEF=Myanmar Engineer Forum က ကိုရာမည အားကိုးနဲ့) ဖတ်လိုက်ရတယ်၊ အဲဒီမှာ ဦးငွေထွန်း ပြောတာလေးကိုပေါ့ (11-11-11) တစ်ခြောက်လုံးဆုံတဲ့နေ့မှာ မြန်မာဘာသာသုံး Os ထုတ်ဝေပြီး အများပြည်သူ အခမဲ့ပေးသုံးမယ်ဆိုပဲဗျာ၊ သတင်း အပြည့်အစုံက ဒီလိုပါ

မြန်မာစာသုံး OS ၂၀၁၁ တွင် အခမဲ့ ထုတ်ဝေမည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မြန်မာစာသုံး ကွန်ပျူတာစနစ် (Myanmar Operating System) ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ဝေမည်ဖြစ်ပြီး အခမဲ့ပေးသုံးသွား မည်ဖြစ်ကြောင်း Solveware Solution ၏ အမှုဆောင်အရာရှိချုပ် ဦးငွေထွန်းက ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ကျင်းပသောTEDx Youth @ Yangon ပွဲတွင် ပြောကြားသည်။ လူငယ်များအတွက်ရည်ရွယ်ကျင်းပသော၊ လူအများကြားတွင် ပျံ့နှံ့သင့်သော စိတ်ကူးစိတ်သန်းများကို အဓိကထားကာ ဟောပြောသည့်ပွဲဖြစ်သည့် မြန်မာ့ပထမဆုံးTEDx ပွဲတွင် တက်ရောက်ဟောပြောသူ ဦးငွေထွန်းက အဆိုပါ စနစ် ထုတ်ဝေမှုကိစ္စနှင့် ပတ်သက်၍ “မြန်မာစာသုံး စက်လည်ပတ်မှုစနစ်ဘာလို့မဖြစ်နိုင်ရမှာလဲ” ဟူသော ခေါင်းစဉ်ဖြင့် ပြောဆိုရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ သုံးစွဲသူများအတွက် အဆိုပါ မြန်မာစာသုံး ကွန်ပျူတာ OS စနစ်မှာ သုံးမည်ဆိုလျှင် သုံးလို့ရသည့် အခြေအနေအထိ ပြီးမြောက်နေပြီဖြစ်ကြောင်း၊ သို့သော် အက္ခရာစဉ် စနစ်၊ ပြက္ခဒိန်၊ သတ်ပုံအမှားရှာစနစ်၊ အမည်များ နှင့် အဘိဓာန်တို့ထည့်သွင်းရန် ကျန်ရှိ ကြောင်း ၎င်းကဆိုသည်။ ယခုထုတ်ဝေမည့်စနစ်ကို မြန်မာနိုင်ငံသမိုင်းတွင် စံအများဆုံး သတ်မှတ် ပြဋ္ဌာန်းပေးခဲ့သည့်သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသော အားဖြင့် “သာလွန်” ဟု အမည်ပေးထားကြောင်း၊ စိတ်ပါဝင်စားသူများနှင့် ၀ိုင်းဝန်းကူညီလိုသူများအနေ ဖြင့် http://code.google.com/p/thalun နှင့် ngwetun@solvewaresolution.net သို့ ဆက်သွယ် နိုင်ကြောင်းလည်း ၎င်းကဆိုသည်။ “ငွေကြေးအတွက် ထုတ်ကုန်မဟုတ်ပါဘူး။ အခမဲ့ပေးသွားမှာပါ” ဟု ဦးငွေထွန်းကဆိုသည်။ စိတ်ပါဝင်စားသူ များအနေဖြင့် မြန်မာစာသုံး စက်လည်ပတ်မှုစနစ် တစ်ရပ်ဖြစ်မြောက်လာစေရန် အိုင်တီပညာရှင် မဟုတ်သော်လည်း အသုံးအနှုန်းများ ဘာသာပြန်ခြင်း၊ ပရိုဂရမ်များ စမ်းသပ်ပေးခြင်း၊ အသုံးပြုသူလက်စွဲများ ကူညီရေးသားခြင်း၊ ရိုးရာဓလေ့ သရုပ်ဖော်ပုံများ ရေးဆွဲခြင်း၊ သုံးစွဲသူများ လက်ဝယ် ရောက်အောင် ကူညီခြင်း၊ မသုံးစွဲတတ်သူများကို သင်တန်းပို့ချခြင်း စသည်ဖြင့် ၀ိုင်းဝန်းကူညီ နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “ကျွန်တော်တို့ သမိုင်းမှာ ပြန်မကြုံနိုင်တဲ့ အကုန်လုံး ၁ တွေ ချည်းပဲ ဆုံတဲ့ရက် ၁၁-၁၁-၂၀၁၁ မှာ ထုတ်ဝေနိုင်အောင်ကြိုးစားသွားပါမယ့် လို့ ကတိပေးပါတယ်” ဟု ၎င်းကဆိုပြီး လာအိုကဲ့သို့ ကုန်းတွင်းပိတ်အာဆီယံ နိုင်ငံတွင် ပင် ကိုယ်ပိုင်ဘာသာစကားနှင့် စက်လည်ပတ်မှုစနစ်ကို သုံးစွဲနိုင်သည်ကို တွေ့ရကြောင်း၊ မြန်မာကွန်ပျူတာပညာရှင်များ တီထွင်သော မြန်မာစာသုံးစက်လည်ပတ်မှု စနစ်တစ်ရပ်ဖြစ်ထွန်း ပေါ်ပေါက်လျှင် နိုင်ငံခြားငွေများစွာ သက်သာနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။

အဆိုပါပွဲတွင် ဦးငွေထွန်းက ပြည်တွင်းရှိ Window OS အပါအ၀င် Software များ တရားမ၀င်သုံးစွဲနေသူ များကို ၂၀၁၃ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများပါ မဖြစ်မနေ လိုက်နာလာရမည့် TRIPS (Trade-Related Aspects of Intellectual Property Rights) ဥာဏ မူပိုင်ခွင့်ဆိုင်ရာနှင့် ပတ်သက်၍လည်း ကြိုတင်သတိပေးပြောဆိုခဲ့သည်။ မြန်မာစာသုံး ကွန်ပျူတာစနစ်ထုတ်ဝေခြင်းနှင့် ပတ်သတ်၍ အဆိုပါပွဲတက်ရောက်ခဲ့သူ ပြည်တွင်း အိုင်တီပညာရှင်တစ်ဦးက “ဒါဖြစ်သင့်တဲ့ကိစ္စပဲ” မှတ်ချက်ပြုသည်။

သတင်းရင်းမြစ် (The Voice Journal)

မြန်မာ တောင်ကိုးရီးယား အထူးဗီဇာ ကင်းလွတ်ခွင့်ပြု

မြန်မာ-တောင်ကိုရီးယား အထူး ဗီဇာကင်းလွတ်ခွင့် သဘောတူ


ဧရာဝတီ Thursday, 30 December 2010 12:57 သတင်းတိုများ

မြန်မာနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရရေး သဘောတူစာချုပ် ချုပ်ဆိုကြကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးက နေပြည်တော်သို့ လာရောက်၍ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စာချုပ်ချုပ်ဆိုကြခြင်း ဖြစ်သည်။

@ ဧရာဝတီ

အင်တာနက်တယ်လီဖုန်းများ တရုတ်နှိမ်နှင်း

အင်တာနက်ပေါ်ကနေ တရားမ၀င် ဖုန်းဆက်သွယ်မှု ၀န်ဆောင်မှု ပေးနေတာတွေကို တရုတ်နိုင်ငံမှာ ပိတ်ဆို့လိုက်ပြီလို့ တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။


ကြာသပတေး, 30 ဒီဇင်ဘာ 2010

လူကြိုက်များပြီး ဈေးသက်သာလှတဲ့ အမေရိကန် ကုမ္ပဏီကြီး SKYPE လို အင်တာနက် ဖုန်းလိုင်း ၀န်ဆောင်မှုကို အသုံးပြုနေကြတဲ့ တရုတ်နိုင်ငံသားတွေ အားလုံးကို ထိခိုက်သွားစေခဲ့ပါတယ်။
တရုတ်ရဲ့ သတင်းဆက်သွယ်ရေး နည်းပညာနဲ့ စက်မှုဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်ထဲမှာ အခုလို ပိတ်ဆို့မယ့် အကြောင်းကို အကျဉ်းရုံးပြီး ဖော်ပြထားပါတယ်။ ဘယ်လို အရေးယူမှုတွေနဲ့ ပိတ်ဆို့မယ်၊ အချိန်ဘယ်လောက် အတောအတွင်းမှာ ပိတ်ဆို့မယ် ဆိုတဲ့ အသေးစိတ်တွေကို ဖော်ပြထားခြင်း မရှိပါဘူး။
တရုတ်အစိုးရဟာ အစိုးရပိုင်ဖြစ်တဲ့ ချိုင်းနား တယ်လီကွန်း ကုမ္ပဏီနဲ့ ချိုင်းနား ယူနီကွန်း ကုမ္ပဏီ နှစ်ခုတို့ကိုပဲ ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး အင်တာနက်ပေါ်ကနေ ဖုန်းဆက်သွယ်မှု ၀န်ဆောင်ပေးခြင်းကို လုပ်ကိုင်ခွင့်လိုင်စင် ပေးထားတာ ဖြစ်ပါတယ်။

ဘေဂျင်း စာတိုက်နဲ့ ကြေးနန်း ဆက်သွယ်ရေး တက္ကသိုလ်ကြီးက ပါမောက္ခ ခန်းခေလီးက ဒီပိတ်ဆို့မှုဟာ SKYPE လို ကုမ္ပဏီမျိုးကို အစိုးရ ကုမ္ပဏီတွေက ဈေးခြင်း မယှဉ်နိုင်လို့ တဖက်သတ် စီးပွားရေးအရ ကာကွယ် ထိုးနှက် တိုက်ခိုက်ခြင်းသာ ဖြစ်ပြီးတော့ အင်တာနက်ဖုန်းကို ဈေးသက်သက်သာသာနဲ့ သုံးစွဲနေကြတဲ့ တရုတ်ပြည်သူတွေမှာသာ နစ်နာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

By ဗွီအိုအေ (မြန်မာဌာန)

Internet ပါသုံးနိုင်မယ့် McWLL ဖုန်းများ ရနိုင်ပါပြီ။

.အင်တာနက်ပါ အသုံးပြုနိုင်မည့် McWLL ဖုန်းများ စတင် ချပေးတော့မည်ဟုဆို


Thursday,30 December 2010, 5:50

အင်တာနက် တိုက်ရိုက် အသုံးပြုနိုင်မည့် စနစ်ပါရှိသည့် McWLL ဖုန်း (CDMA 400 MHz) များကို လာမည့် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးနှစ်ခုတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချပေးတော့မည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ မိုဘိုင်းဖုန်းဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေးမည့် အဆိုပါ McWLL ဖုန်းများ၏ ဆက်သွယ်မှု ကွန်ရက်မှာ မဂ္ဂါဟဇ် လေးရာ(400 MHz)သာ ရှိသော်လည်း အင်တာနက် ဆက်သွယ်မှု စနစ်ကိုမူ တိုက်ရိုက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် ပြီးခဲ့သည့် နှစ်အတွင်းက ရောင်းချပေးခဲ့သည့် အဆိုပါ McWLL ဖုန်းများအား အခြား စီဒီအမ်အေ ဖုန်းများကဲ့သို့ပင် ကျပ်ငါးသိန်း ဝန်းကျင်ဖြင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းအနေဖြင့် ရွေ့လျားသယ်ဆောင် အသုံးပြုနိုင်မည့် အဆိုပါ McWLL ဖုန်းများသည် အထိုင်ဖက်စ် (Fax) ဖုန်းများ အနေဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက် ဝန်ဆောင်မှုစနစ်ကို အသုံးပြုမှသာ ကျပ်ငါးသိန်းဝန်းကျင် ကုန်ကျမည်ဖြစ်ပြီး တယ်လီဖုန်း အဝင်အထွက် ခေါ်ဆိုခြင်းများသာ အသုံးပြုမည်ဆိုပါက ကျပ်လေးသိန်းခွဲ ဝန်းကျင်သာ ကုန်ကျမည်ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။ လာမည့် နှစ်ဆန်းပိုင်းအတွင်း ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးနှစ်ခုအတွက် စတင်ရောင်းချတော့မည့် အဆိုပါ ဖုန်းများအား ရတနာပုံတယ်လီပို့ ကုမ္ပဏီတွင်သာ လျှောက်ထားရမည်ဖြစ်ကြောင်း သတင်းရရှိသည်။



@yatanarpon

ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း တဲ့ဗျိုး

ဟောဒီက ယူကြဦးမလား ..........

ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း တဲ့ဗျိုး
ရတနာပုံမှ သတင်းလေးပါ

ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းအလုံးရေတစ်သိန်းခွဲကို နေပြည်တော်တွင်စတင်ချပေးမည်

Wednesday,29 December 2010


ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းအလုံးရေတစ်သိန်းခွဲကို ပထမအဆင့်အနေဖြင့် နေပြည်တော်ဒေသတွင် လာမည့်လအတွင်း စတင်ချထားပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာ ၀န်ရှိသူတစ်ဦးကပြောကြားသည်။ အဆိုပါဖုန်းများမှာ ၀၉-၄၂၊ ၀၉-၄၃ စသည့်နံပါတ်များဖြင့်စတင်ပြီး ဂဏန်း ၁၀ လုံးရှိမည့်ဖုန်းများဖြစ်ဖွယ်ရာရှိပြီး ဖုန်းခေါ်ဆိုခကြိုတင်ပေးသွင်းငွေအဖြစ် ကျပ်ငါးသောင်းကို ပေးဆောင်ရန်လိုအပ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူက “ဂျီအက်စ်အမ်ဖုန်းတွေကို နေပြည်တော်မှာ ပထမဆုံးအနေနဲ့ ကျပ်ငါးသိန်းနဲ့အသုံးပြုခွင့်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေ ပါတယ်။ လောလောဆယ်အချိန်မှာတော့ အလုံးရေတစ်သိန်းခွဲလျာထားတယ်ဆိုပေမယ့် ဒီမှာရှိနေတဲ့ ဂျီအက်စ်အမ်နက်ဝပ်ခ်တာဝါတိုင်တွေနဲ့ ဆာဗာတွေနိုင်သလောက်အထိ ချထားပေးဖို့ရှိတယ်” ဟု ပြောသည်။ ထိုဖုန်းများတွင် ဖုန်းခေါ်ဆိုခမှာ သတ်မှတ်နယ်မြေအတွင်းသုံးစွဲပါက တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်း၊ သတ်မှတ်နယ်မြေပြင်ပ ကျော်လွန်သုံးစွဲပါက တစ်မိနစ်လျှင် ကျပ် ၆၀ နှုန်းနှင့် သတင်းတိုစာပို့စနစ်အတွက် တစ်စောင်လျှင် ၂၅ ကျပ်နှုန်းဖြစ်သည်။


ရေးသားသူ - ကိုသက်

Source : Internet Journal



@yatanarpon

ဝတ်လစ်စလစ်ကမ္ဘာ တဲ့

ဝတ်လစ်စလစ်ကမ္ဘာ တဲ့ ဖတ်ကြည့်ကြပါဗျာ၊ ကြိုက်လွန်းလို့ Dr Lunswe ဆီက ခွင့်တောင်းပြီး ကူးလာခဲ့ပါတယ်။ အဟီး ကိုယ်မှ မရေးတတ်တာနော်


ဝတ်လစ်စလစ်ကမ္ဘာ


ဝတ်လစ်စလစ်ကမ္ဘာ


အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)



ကြည့်နေ …
ကြည့်ပြော …
ကြည့်စား …
ကြည့်သွား …
သိတယ်မဟုတ်လား
ခေတ်ကြီးက
လီကွမ်ယူလည်း
အပြောမတော်
ကမ္ဘာကျော် အတင်းပြောသူကြီးဖြစ်
ကိုသန်းရွှေရဲ့ လိုဏ်ခေါင်းတွေလည်း
မြေလျှိုးရာကနေ မိုးကိုပျံ
အိုယန်းကီးကြီးလည်း
မကုန်းရဘဲ ဖုံးထားသမျှတွေပေါ်
သြော် …
တော်တော်မလွယ်တဲ့ခေတ်
အားလုံး ... ၀တ်လစ်စလစ်ဖြစ်ကုန်ပါပေါ့လား။

ခေတ်ကြီးရဲ့ ကောင်းကွက်ကလေးကတော့ ...
ဝါသနာပါရင်
ကိုယ်တိုင် ဒါရိုက်တာ
ကိုယ်တိုင် ဇာတ်ညွှန်း
ကိုယ်တိုင် သရုပ်ဆောင်
ကိုယ်တိုင် ကင်မရာမင်း
ကိုယ်တိုင် တည်းဖြတ်
ကိုယ်တိုင် ထုတ်လုပ်သူ
(မိဘဘိုးဘွားဆီက နှိုက်ယူစရာမလို)
အားလုံးသော ကိုကို မမတွေ
မင်းသား မင်းသမီးဖြစ်နိုင်တဲ့ခေတ်
မပူနဲ့ … ယူကျုဘ်ရှိပြီကွဲ့လေ။

ဒါပေမယ့် …
နည်းပညာချောက်ကမ်းပါး
မိုးဟေကိုလေးလည်း သတိထား
ပဲရစ်ဟီလ်တန်လည်း သတိထား
စန္ဒီမြင့်လွင်လေးလည်း သတိထား
ဘရစ်တနီစပီးယားစ်လည်း သတိထား
နန္ဒာလှိုင်လေးလည်း သတိထား
ဂျနီဖာလိုပက်ဇ်လည်း သတိထား
ချစ်စနိုးဦးလေးလည်း သတိထား
ကင်မ်ဂါဒါရှိန်းလည်း သတိထား
မေနန်းခေါင်လေးလည်း သတိထား
မယ်စကြ၀ဠာလေးတွေလည်း သတိထား
အားလုံး အားလုံးသော ညီမလေးတွေ၊ အစ်မကြီးတွေလည်း သတိထား
ချစ်တုန်း ပြုံးပြုံး မုန်းတော့ မီးတဟုန်းဟုန်းတဲ့
(ဘာကိုမှ …)
အလွယ်ကူ မယုံစားလေနဲ့။

အထူးသဖြင့်တော့
သန်းတုပ်ရင်း အတင်းပြောတာ
“အဲဒါ … တို့ရိုးရာဟေ့” ဆိုတဲ့
ကျုပ်တို့ ရွှေမြန်မာများ
အလကားနေ ချက်တင်မပွားနဲ့
အလကားနေ ဖေ့စ်ဘွတ်ခ်မသွားနဲ့
အလကားနေ ဂျီတော့ခ်မပြောနဲ့
အလကားနေ တွီတာမသုံးနဲ့
အလကားနေ စကိုင်းပီမပြောနဲ့
စကား စကား ပြောပါများ
ဘုရား … ဘုရား အစက ဒီလိုမှန်းမသိလို့ပါဗျား ဖြစ်ကုန်မယ်။

ဟော … အခုလည်းကြည့်ပါလား
အသေအချာ ဖွက်ထားတဲ့ ဒီကဗျာ
ဘယ်ကဘယ်လို အတောင်ပေါက်
အင်တာနက်ပေါ် ရောက်လာရပြန်တာလဲ။ ။

အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)

ဒေါ်စု တစ်ကယ်လွတ်ပါပြီ



DVB သတင်းကို ကူးယူဖေါ်ပြခြင်းပါ
အားလုံးဝမ်းသာစေရန် ရည်ရွယ်ပါသည်၊

တစ်ချို့ကလွဲရင်ပေါ့
လာဆဲရင်လက် လက်ခံပါသည် :P :P
နောက်ထပ် ဆုံဆည်းရာမှ ပါ
ဆုံဆည်းရာ ၁၃ ရက် နိုဝင်ဘာလ ၂၀၁၀

မြန်မာစံတော်ချိန်..... ၆ နာရီ ၃၁ မိနစ် ----------------------------------------------------------------------
ည(၆ နာရီ ၃၁ မိနစ်) ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုအား နှုတ်ဆက်စကားပြောဆိုပြီး နေအိမ်အတွင်းသို့ ပြန်လည် ၀င်ရောက်သွားပြီဖြစ်ကြောင်း သိရှိရသည်
ည(၆ နာရီ ၁၄ မိနစ်) မနက်ဖြန် ၁၂ နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရှိရသည်။
ညနေ(၅ နာရီ ၁၀ မိနစ်) ဒေါ်စုလွတ်ပြီ။ ည ၇ နာရီလောက်မှာ ရွှေဂုံတိုင်ရုံးကို ရောက်မယ်လို့ NLD လူငယ်အဖွဲ့ဝင် ကိုရာဇာက ပြောသည်။ CEC ၃ ယောက်နဲ့ သံတမန်တချို့ ဒေါ်စု ခြံဝင်းထဲသို့ ၀င်သွားကြောင်း ပြောပါတယ်။