ကျွန်တော်တို့ရဲ့မြို့ကလေး

Friday, October 22, 2010

မုန်တိုင်းဂီရိ

မုန်တိုင်းဂီရိရဲ့ လက်ရှိဖြစ်ပေါ်နေပုံလေးပါ

လက်ရှိ ဆိုင်ကလုန်းဂီရိ ရဲ့ဖြစ်ပေါ်နေပုံလေးပါ
UTC 2:46+6:30= 9:16 မြန်မာစံတော်ချိန်
နောက် (၅)ရက် အတွက် ခန့်မှန်း
စတင်ဝင်ရောက်သည်မှ ယခုအချိန် (12း12)(23-10-2010)

ယခု 23-10-2010 (43း8) အချိန်ဖြစ်ပေါ်နေပုံပါ


Wednesday, October 20, 2010

ဝန်ဆောင်မှုပုံစံ နှစ်မျိုးပေးမည့် ပုဂ္ဂလိက ရုပ်သံလိုင်းက အင်ဒိုချိုင်းနားကျွန်းဆွယ်အထိ ဖမ်းယူနိုင်မည်ဟုဆို 7 Day News | Yatanarpon

ဝန်ဆောင်မှုပုံစံ နှစ်မျိုးပေးမည့် ပုဂ္ဂလိက ရုပ်သံလိုင်းက အင်ဒိုချိုင်းနားကျွန်းဆွယ်အထိ ဖမ်းယူနိုင်မည်ဟုဆို
Friday,15 October 2010, 22:24



ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်နှင့် ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်တို့မှ အကျိုးတူ ပူးပေါင်းပြီး အင်ဒိုချိုင်းနား ကျွန်းဆွယ်အထိပါ ဖမ်းယူရှိနိုင်မည့် Sky Net ဟူသော ပုဂ္ဂလိက ရုပ်သံလိုင်းသစ် တစ်ခုကို မကြာမီစတင်လွှင့်တင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။ ရွှေသံလွင်မီဒီယာကုမ္ပဏီနှင့် အစိုးရဝန်ကြီးဌာနများ၊ ပုဂ္ဂလိကနည်းပညာ ကုမ္ပဏီများ ပူးပေါင်းထုတ်လွှင့်တော့မည့် အဆိုပါ Sky Net ရုပ်သံလိုင်းအား အိမ်အရောက်ပို့ ဝန်ဆောင်မှုစနစ် Direct to Home(DTH) နှင့်၊ အင်တာနက်စနစ်၊ တယ်လီဖုန်း ဆက်သွယ်ရေး စနစ်များ ပါရှိလာမည့် Sky Net Multiple- Play Service (MPS) ဟူသော ဝန်ဆောင်မှု နှစ်မျိုးကို ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ လီမိတက်မှ ဒုတိယမန်နေဂျင်း ဒါရိုက်တာ ဦးမိုးဇော်က ပြောသည်။ Sky Net-DTH ဝန်ဆောင်မှု ဆိုသည်မှာ ရုပ်သံလိုင်းများကို ဂြိုဟ်တုမှ တစ်ဆင့် ကြည့်ရှုသူ၏ အိမ်အ ရောက်တိုက်ရိုက်ဝန်ဆောင်မှု တစ်ခုဖြစ်သည်။

အဆိုပါ ဝန်ဆောင်မှုအား မြန်မာတစ်နိုင်ငံလုံးအနှံ့ မည်သည့်ဒေသမျှ မကျန်ရာနှုန်းပြည့် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး အင်ဒိုချိုင်းနား ကျွန်းဆွယ်ရှိ နိုင်ငံများအထိပါ ဖမ်းယူရရှိနိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီ၏ နည်းပညာအရာရှိချုပ် ဦးမျိုးမင်းက ပြောသည်။ SkyNet ၏ DTH ဝန်ဆောင်မှုတွင် ကမ္ဘာတစ်ဝန်းမှ အကျော်ကြားဆုံး ဖျော်ဖြေရေး ရုပ်သံလိုင်းများ၊ ပြည်တွင်းပြည်ပ ရုပ်သံ ဇာတ်လမ်းတွဲများ အားကစား ရုပ်သံလိုင်းများနှင့် အခြားသော စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် ရုပ်သံလိုင်း သုံးဆယ့်ရှစ်လိုင်းကို ထုတ်လွှင့်ပြသ သွားမည်ဟု သိရသည်။ နည်းပညာပိုင်းဆိုင်ရာနှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည့် Sky Net-MPS ဝန်ဆောင်မှုတွင်မူ အင်တာနက် ဆက်သွယ်ရေးစနစ်၊ ပြည်တွင်း၊ ပြည်ပ တယ်လီဖုန်း ဆက်သွယ်မှုများကို ဆောင်ရွက်နိုင်မည့် VoIP Service ဟူသော တယ်လီဖုန်း ဝန်ဆောင်မှုများကို ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Sky Net-MPS ဝန်ဆောင်မှုသည် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်းအထိ အသုံးပြုနိုင်မည်ဖြစ်ပြီး Broadband Internet စနစ်ပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်ဟု သိရသည်။ Sky Net-MPS ဝန်ဆောင်မှုကို အသုံးပြုလိုသူများ အနေဖြင့် iPstar အင်တာနက် ဆက်သွယ်မှုလိုင်းကို အဆင်သင့် တပ်ဆင်ထားပြီးဖြစ်ပါက တယ်လီဖုန်းလိုင်း လေးလိုင်းကို ထိုဝန်ဆောင် မှုစန်စဖြင့် ချိတ်ဆက်ပြီး ယခင်အတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော် ထိုဝန်ဆောင်မှုပေါ်တွင် iPstar အင်တာနက် ဆက်သွယ်မှုလိုင်း အသစ်လျှောက်ထားမည် ဆိုပါက တယ်လီဖုန်းလိုင်း တစ်လိုင်းသာ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်ရေးကို ပူးတွဲအသုံးပြုနိုင်မည့် အဆိုပါ MPS စနစ်တွင် Video Conferencing လုပ်ငန်းများကိုပါ ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အင်ဂျင်နီယာချုပ် ဦးတင်ဝမ်းက ပြောသည်။

ပြည်တွင်း၏ ဖျော်ဖြေရေးရုပ်သံလိုင်းများတွင် ကျယ်ပြန့်သည့် ပုဂ္ဂလိကရုပ်သံလိုင်းတစ်ခု ဖြစ်သည့် အဆိုပါ Sky Net ရုပ်သံလိုင်းသစ်အား တပ်ဆင်အသုံးပြုလိုသူများအနေဖြင့် On the Move ဟူသော ဝန်ဆောင်မှုကိုလည်း ရရှိမည်ဖြစ်သည်။ အဆိုပါဝန်ဆောင်မှုမှာ ရေလမ်း၊ ကုန်းလမ်း အစရှိသည့် မည်သည့် လမ်းခရီးပေါ်တွင်မဆို သွားလာရင်းအသုံးပြုနိုင်မည့် စနစ်တစ်ခုဖြစ်ပြီး Satellite Dish များကို အသုံးပြု ထားခြင်းဖြစ်ကြောင်း သိရသည်။ ရွှေသံလွင် မီဒီယာကုမ္ပဏီ၏ Sky Net-DTH ရုပ်သံလိုင်းသည် အင်တာနက်၊ တယ်လီဖုန်း ဆက်သွယ်မှု များ ပါဝင်မည် မဟုတ်သော်လည်း အင်ဒိုချိုင်းနား ကျွန်းဆွယ်နိုင်ငံများ အထိပါ ဖမ်းယူကြည့်ရှု နိုင်မည်ဖြစ်သည်။ ယင်းရုပ်သံလိုင်းအား ဖမ်းယူ ကြည့်ရှုနိုင်ရန်အတွက် နှစ်ပေစလောင်း (သို့မဟုတ်) နှစ်ပေခွဲစလောင်းတစ်ခု(75cm)၊ ဒစ်ဂျစ်တယ် ရုပ်သံဖမ်းစက်တစ်ခု၊ Smart Card တစ်ခုတို့ လိုအပ်မည်ဖြစ်သည်။

Sky Net-MPS ကိုမူ တစ်နိုင်ငံလုံး၏ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းသာ သုံးစွဲနိုင်မည် ဖြစ်သော်လည်း အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်မှု များ ပါရှိမည်ဖြစ်သည်။ ယင်းဝန်ဆောင်မှုအတွက် (1.2m) ဂြိုလ်တု စလောင်းတစ်ခု၊ ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက် (Set-Top-Box) တစ်ခုတို့ လိုအပ်မည်ဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူများထံမှ သိရသည်။ အဆိုပါဝန်ဆောင်မှုအားအခြားသော အင်တာနက်ဆက်သွယ်မှု လိုင်းများ ဖြစ်သည့် ADSL, Fttx အစရှိသည့် လိုင်းများဖြင့်လည်း ဆက်သွယ် အသုံးပြုနိုင်မည်ဟု သိရသည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ သတင်းအချက် အလက်ဆိုင်ရာ လုပ်ငန်းများကို တစ်ဦးတည်း လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိထားသည့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီသည်လည်း အိမ်အရောက် ဖိုက်ဘာဆက်ကြောင်း အင်တာနက် ဝန်ဆောင်မှုစနစ် ဖြစ်သည့် Triple Play ဟူသော ဖိုက်ဘာဆက်ကြောင်း အင်တာနက် ဝန်ဆောင်မှု၊ ပြည်တွင်းပြည်ပသို့ တယ်လီဖုန်း ဆက်သွယ်မှု ပြုလုပ်နိုင်သည့် VoIP ဆက်သွယ်ရေး စနစ်နှင့် ပြည်တွင်းပြည်ပ ဖျော်ဖြေရေး ရုပ်သံလိုင်းများကို ကြည့်ရှုနိုင်သည့် TV Channel အစရှိသည့် အလားတူ ဝန်ဆောင်မှုမျိုးကို ပေးနေပြီ ဖြစ်ကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Credit to Yatanar Pon
7 Day News | Yatanarpon

Monday, October 18, 2010

ကြံကြံဖန်ဖန် (ကိုအမေရိကန်)

အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောနေစဉ် ကိုယ်တုံးလုံး ချွတ်ပြသူ
Saturday, 16 October 2010 23:33

အသက်​ ​၂၄​​ နှစ်​ရှိ​ ​လူ​တစ်ဦး​သည်​​ အ​လောင်း​အ​စား​ ​တစ်​ခု​ပြုလုပ်​ပြီး​နောက်​​ အ​မေ​ရိ​ကန်​သမ္မတ​​ ဘာ​ရတ်​အို​ဘား​မား​ ​မိန့်​ခွန်း​ပြော​မည့်​​ အခမ်း​အ​နား​တစ်​ခု​အ​တွင်း​​ လူ​အ​များ​ ​စု​ရုံး​နေ​စဉ်​ ​ကိုယ်​တုံး​လုံး​ ​ချွတ်​ပြ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

 ဘီ​လျံ​နာ​ ​သူ​ဌေး​တစ်ဦး​နှင့်​ ​ဒေါ်​လာ​တစ်​သန်း​ကြေး​ ​အ​လောင်း​အ​စား​ ​ပြုလုပ်​ရန်​ ​သ​ဘော​တူ​ညီ​မှု​ ​ရ​ရှိ​ပြီး​နောက်​ ​ဂျူအန်​ရို​ဒ​ရီ​ဂွတ်​သည်​ ​ဖီလာ​ဒဲ​ဖီး​ယား​ရှိ​ ​သ​မ္မ​တ​အား​ ​ကြိုဆို​နှုတ်​ဆက်​နေ​သူ​များ​ကြား​ ​ယ​ခု​လို​ ​အ​တတ်​ဆန်း​ခဲ့​ခြင်း​ဖြစ်​သည်​။ ​မိ​မွေး​တိုင်း​၊​ ​ဖ​မွေး​တိုင်း​ဖြင့်​ ​အ​ခမ်း​အနား​သို့ ​တက်​ရောက်​လာ​သော​ ​ဂျူအန်​ကို​ ​ရဲ​များ​က​ ​ ဖမ်း​ဆီး​ခဲ့​သည်​။ ​ဗြိ​တိ​သျှ​ ​ဘီ​လျံ​နာ​ ​သူ​ဌေး​ကြီး​ ​အ​ကီ​ဒေး​ဗစ်​က​ ​အို​ဘား​မား​ရှေ့သို့ ကိုယ်​တုံး​လုံး​ဖြင့်​ ​သွား​ပြ​သူ​ကို​ ​ဒေါ်​လာတစ်​သန်း​ ​ဆု​ချီး​မြှင့်​မည်​ဟု​ ၎င်း​၏​ ​ဝဘ်​ဆိုဒ်​ဖြစ်​သည့်​ battlecam.com​ တွင်​ ​ရေး​သား​ခဲ့​ပြီး​နောက်​ ​ဂျူအန်​က​ ​ယ​ခု​လို​ ​ပြုမူ​ခဲ့​ခြင်း​ဖြစ်​သည်​။ ​ဒေး​ဗစ်​က​ ​ဂျူအန်​၏​ ​လုပ်​ရပ်​မှာ​ ​ပ​ထ​မ​ဆုံး​ဖြစ်​နိုင်​ကြောင်း​၊​ ​အို​ဘား​မား​ရှေ့ထိ​ ၎င်း​ရောက်​သွား​ခြင်း​ ​ရှိ​မ​ရှိ​ ​မ​သေ​ချာ​ကြောင်း​၊​ ​သို့သော်​လည်း​ ​ထို​အ​တိုင်း​ ​အ​မှန်​ဖြစ်​လျှင်​ ​ပိုက်​ဆံ​ကို​ ​ထုတ်​ပေး​ရန်​ ​ဝ​န်​လေး​နေ​မည်​ ​မ​ဟုတ်​ကြောင်း​ ​ပြော​ဆို​ခဲ့​သည်​။ 

အလောင်း​အ​စား​ ​စည်း​မျဉ်း​အ​ရ​ ​အ​မျိုး​သား​ဖြစ်​စေ​၊​ ​အ​မျိုး​သ​မီး​ဖြစ်​စေ​ ​ကိုယ်​ တုံး​လုံး​ကျွတ်​ဖြင့်​ ​အို​ဘား​မား​ရှေ့ ရောက်​ချိန်​တွင်​ battlecam.com​ဟု​ ​၆​ ​ကြိမ်​တိ​တိ​ ​အော်​ရ​မည်​ဖြစ်​ပြီး​ ​ရင်​ဘတ်​တွင်​လည်း​ ​ထို​ဝက်​ဆိုက်​အ​မည်​ကို​ ​စာ​တန်း​ရေး​ထိုး​ထား​ရ​မည်​ဖြစ်​သည်​။ ​ဒေးဗစ်​က​ ၎င်း​သည်​ ​အို​ဘား​မား​အား​ ​နှစ်​သက်​သ​ဘော​ကျ​သူ​ ​တစ်ဦး​ဖြစ်​ကြောင်း​၊​ ​ယ​ခု​အ​လောင်း​ အ​စား​သည်​ ​သ​မ္မ​တ​အား​ ​ကျီစယ်​မှု​ ​တစ်​ခု​သာ​ဖြစ်​ကြောင်း​ ​ရှင်း​လင်း​ပြော​ကြား​ခဲ့​သည်​။ ​ရဲ​များ​သည်​ ​ဂျူအန်​အား​ ​ခေ​တ္တ​ထိန်း​သိမ်း​ပြီး​ ​နောက်​ပိုင်း​တွင်​ ​ပြန်​လွှတ်​ပေး​လိုက်​ကြောင်း​ ​သတင်း​ရ​ရှိ​သည်​။

Credit to kosithuaung (myanmar engineer forum)