ကျွန်တော်တို့ရဲ့မြို့ကလေး

Tuesday, April 13, 2010

ရာဇဝင်ထဲက လူသိပ်မသိသေးတဲ့ နေရာလေးတစ်ခု

ဘုရားသုံးဆူဆိုတာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်သွားတဲ့ စေတီ (ဘုရား) လေးသုံးဆူကို အမှီပြုပြီး ဖြစ်ပေါ်လာရတာပါ။
အခု အချိန်မှာတော့ အဲဒီ စေတီ သုံးဆူ က ထိုင်း နိုင်ငံအပိုင်ထဲမှာပါ။ မြန်မာ တစ်ချို့က ပြောကြတာက (ကြားဖူးတာပါ) အဲဒီ လက်ရှိ စေတီ သုံးဆူ က ထိုင်းနိုင်ငံက အတုတည်ထားပြီး စေတီအစစ်က ထိုင်း နိုင်ငံ ကန်ချနဘူရီ ခရိုင် စန်ခလဘူရီ မြို့နယ် ဝင်းကကျေးရွာ ရှိ ထောင်ဖာပွန် ဆည် အတွင်း (ဝင်းက ကန် အတွင်း) ရေနှစ်မြုပ်ထား သောနေရာဟု လည်း ဆိုကြ ပါတယ်။ ဟုတ် မဟုတ်တော့ ကာယကံရှင်များ ပဲ သိကြမှာပါ။ နေတာ ကတော့ လူမျိုးပေါင်းစုံ ပေါ့။ လက်ရှိ မြို့ရဲ့ အဓိက စီးပွားရေးကတော့ ပရိဘောဂလုပ်ငန်း (သစ်) ပါပဲ။ အခြားလုပ်ငန်းတွေလဲ ရှိတာပေါ့ဗျာ။