ကျွန်တော်တို့ရဲ့မြို့ကလေး

Monday, January 3, 2011

ဝတ်လစ်စလစ်ကမ္ဘာ တဲ့

ဝတ်လစ်စလစ်ကမ္ဘာ တဲ့ ဖတ်ကြည့်ကြပါဗျာ၊ ကြိုက်လွန်းလို့ Dr Lunswe ဆီက ခွင့်တောင်းပြီး ကူးလာခဲ့ပါတယ်။ အဟီး ကိုယ်မှ မရေးတတ်တာနော်


ဝတ်လစ်စလစ်ကမ္ဘာ


ဝတ်လစ်စလစ်ကမ္ဘာ


အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)



ကြည့်နေ …
ကြည့်ပြော …
ကြည့်စား …
ကြည့်သွား …
သိတယ်မဟုတ်လား
ခေတ်ကြီးက
လီကွမ်ယူလည်း
အပြောမတော်
ကမ္ဘာကျော် အတင်းပြောသူကြီးဖြစ်
ကိုသန်းရွှေရဲ့ လိုဏ်ခေါင်းတွေလည်း
မြေလျှိုးရာကနေ မိုးကိုပျံ
အိုယန်းကီးကြီးလည်း
မကုန်းရဘဲ ဖုံးထားသမျှတွေပေါ်
သြော် …
တော်တော်မလွယ်တဲ့ခေတ်
အားလုံး ... ၀တ်လစ်စလစ်ဖြစ်ကုန်ပါပေါ့လား။

ခေတ်ကြီးရဲ့ ကောင်းကွက်ကလေးကတော့ ...
ဝါသနာပါရင်
ကိုယ်တိုင် ဒါရိုက်တာ
ကိုယ်တိုင် ဇာတ်ညွှန်း
ကိုယ်တိုင် သရုပ်ဆောင်
ကိုယ်တိုင် ကင်မရာမင်း
ကိုယ်တိုင် တည်းဖြတ်
ကိုယ်တိုင် ထုတ်လုပ်သူ
(မိဘဘိုးဘွားဆီက နှိုက်ယူစရာမလို)
အားလုံးသော ကိုကို မမတွေ
မင်းသား မင်းသမီးဖြစ်နိုင်တဲ့ခေတ်
မပူနဲ့ … ယူကျုဘ်ရှိပြီကွဲ့လေ။

ဒါပေမယ့် …
နည်းပညာချောက်ကမ်းပါး
မိုးဟေကိုလေးလည်း သတိထား
ပဲရစ်ဟီလ်တန်လည်း သတိထား
စန္ဒီမြင့်လွင်လေးလည်း သတိထား
ဘရစ်တနီစပီးယားစ်လည်း သတိထား
နန္ဒာလှိုင်လေးလည်း သတိထား
ဂျနီဖာလိုပက်ဇ်လည်း သတိထား
ချစ်စနိုးဦးလေးလည်း သတိထား
ကင်မ်ဂါဒါရှိန်းလည်း သတိထား
မေနန်းခေါင်လေးလည်း သတိထား
မယ်စကြ၀ဠာလေးတွေလည်း သတိထား
အားလုံး အားလုံးသော ညီမလေးတွေ၊ အစ်မကြီးတွေလည်း သတိထား
ချစ်တုန်း ပြုံးပြုံး မုန်းတော့ မီးတဟုန်းဟုန်းတဲ့
(ဘာကိုမှ …)
အလွယ်ကူ မယုံစားလေနဲ့။

အထူးသဖြင့်တော့
သန်းတုပ်ရင်း အတင်းပြောတာ
“အဲဒါ … တို့ရိုးရာဟေ့” ဆိုတဲ့
ကျုပ်တို့ ရွှေမြန်မာများ
အလကားနေ ချက်တင်မပွားနဲ့
အလကားနေ ဖေ့စ်ဘွတ်ခ်မသွားနဲ့
အလကားနေ ဂျီတော့ခ်မပြောနဲ့
အလကားနေ တွီတာမသုံးနဲ့
အလကားနေ စကိုင်းပီမပြောနဲ့
စကား စကား ပြောပါများ
ဘုရား … ဘုရား အစက ဒီလိုမှန်းမသိလို့ပါဗျား ဖြစ်ကုန်မယ်။

ဟော … အခုလည်းကြည့်ပါလား
အသေအချာ ဖွက်ထားတဲ့ ဒီကဗျာ
ဘယ်ကဘယ်လို အတောင်ပေါက်
အင်တာနက်ပေါ် ရောက်လာရပြန်တာလဲ။ ။

အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)

No comments:

Post a Comment