ကျွန်တော်တို့ရဲ့မြို့ကလေး

Sunday, November 6, 2011

Android OS နဲ့ မြန်မာစာ

အဲ သိပြီးသားလည်း ဖြစ်ချင်ဖြစ်ကြမှာပါ၊ Android Os မှာ အသုံးပြုနိုင်တဲ့ မြန်မာစာ (အခုလောလောဆယ်တော့ ဇော်ဂျီ) ထည့်သွင်း အသုံးပြုနိုင်တဲ့နည်းလေးပါ၊ ကျွန်တော် စမ်းသပ်ထားသလောက်က android 2.2 (froyo) 2.3 gingerbread မှာတော့ စမ်းသပ်ဖူးပါတယ်၊ အဲတစ်ခုရှိတာက ကျွန်တော် စမ်းသလောက်ကလည်း samsung galaxy series သက်သက်သာဖြစ်ပါတယ်၊ galaxy tab(with 2.2 & 2.3.3), galaxy mini (with 2.2 & 2.3.4) galaxy cooper (2.3), galaxy SII များနဲ့ စမ်းသပ်ဖူးပါတယ်၊ အားလုံးအဆင်ပြေပါတယ်။


လိုအပ်တဲ့ software ​တွေကတော့



zawgyi fonts
 myanmar keyboard
 myanmar qwerty keyboard
myanmar notes  for testing myanmar font



အဲဒါလေးတွေဒေါင်းပြီးသွားရင် အရင်ဆုံး Zawgyi font (zawgyi_one.apk) ကိုအရင် အင်စတော လုပ်ရပါမယ်၊ ပြီးရင် Myanmar Keyboard (MyanDroid....apk) ကို အင်စတောလုပ်ပါ၊ မြန်မာနုတ် (ဇော်ဂျီ ပတ်) ကိုတော့ လုပ်ရင်လည်းရသလို၊ မလုပ်ရင်လည်း ပြဿနာမရှိပါဘူး၊

အားလုံးပြီးပါက

android ရဲ့setting, display, font style မှာ Zawgyi one TTF ကို အရင်ပြောင်းပေးပါ၊ တစ်ခါတရံ restart လုပ်ပါတယ်၊ နောက်

android ရဲ့setting, Locale and text, Text setting မှာ myanDroid Soft Keyboard ကို select လုပ်ပေးပါ၊ အဲဒါပြီးရင် သုံးလို့ရပါပြီ၊

ဒါကတော့ galaxy tab မှာ MEF ကိုမြင်ရပုံမှာ (အဟဲ...တုန်ခြင်း၊ မှုန်ခြင်းသည်းခံပါ)







ဒါက galaxy mini (2.3.4 gingerbread) နဲ့ MEF ကိုမြင်ရပုံတွေပါ





ဒါက myanmar key beta soft key yပါ၊






ဒါက myandroid soft key board ပုံပါ၊




credit, myandroid soft key & Zaw gyi pad are created by ZMS from myanmartutorial.com

myanmarkey beta is created by thuria aye

No comments:

Post a Comment