ကျွန်တော်တို့ရဲ့မြို့ကလေး

Monday, October 18, 2010

ကြံကြံဖန်ဖန် (ကိုအမေရိကန်)

အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောနေစဉ် ကိုယ်တုံးလုံး ချွတ်ပြသူ
Saturday, 16 October 2010 23:33

အသက်​ ​၂၄​​ နှစ်​ရှိ​ ​လူ​တစ်ဦး​သည်​​ အ​လောင်း​အ​စား​ ​တစ်​ခု​ပြုလုပ်​ပြီး​နောက်​​ အ​မေ​ရိ​ကန်​သမ္မတ​​ ဘာ​ရတ်​အို​ဘား​မား​ ​မိန့်​ခွန်း​ပြော​မည့်​​ အခမ်း​အ​နား​တစ်​ခု​အ​တွင်း​​ လူ​အ​များ​ ​စု​ရုံး​နေ​စဉ်​ ​ကိုယ်​တုံး​လုံး​ ​ချွတ်​ပြ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

 ဘီ​လျံ​နာ​ ​သူ​ဌေး​တစ်ဦး​နှင့်​ ​ဒေါ်​လာ​တစ်​သန်း​ကြေး​ ​အ​လောင်း​အ​စား​ ​ပြုလုပ်​ရန်​ ​သ​ဘော​တူ​ညီ​မှု​ ​ရ​ရှိ​ပြီး​နောက်​ ​ဂျူအန်​ရို​ဒ​ရီ​ဂွတ်​သည်​ ​ဖီလာ​ဒဲ​ဖီး​ယား​ရှိ​ ​သ​မ္မ​တ​အား​ ​ကြိုဆို​နှုတ်​ဆက်​နေ​သူ​များ​ကြား​ ​ယ​ခု​လို​ ​အ​တတ်​ဆန်း​ခဲ့​ခြင်း​ဖြစ်​သည်​။ ​မိ​မွေး​တိုင်း​၊​ ​ဖ​မွေး​တိုင်း​ဖြင့်​ ​အ​ခမ်း​အနား​သို့ ​တက်​ရောက်​လာ​သော​ ​ဂျူအန်​ကို​ ​ရဲ​များ​က​ ​ ဖမ်း​ဆီး​ခဲ့​သည်​။ ​ဗြိ​တိ​သျှ​ ​ဘီ​လျံ​နာ​ ​သူ​ဌေး​ကြီး​ ​အ​ကီ​ဒေး​ဗစ်​က​ ​အို​ဘား​မား​ရှေ့သို့ ကိုယ်​တုံး​လုံး​ဖြင့်​ ​သွား​ပြ​သူ​ကို​ ​ဒေါ်​လာတစ်​သန်း​ ​ဆု​ချီး​မြှင့်​မည်​ဟု​ ၎င်း​၏​ ​ဝဘ်​ဆိုဒ်​ဖြစ်​သည့်​ battlecam.com​ တွင်​ ​ရေး​သား​ခဲ့​ပြီး​နောက်​ ​ဂျူအန်​က​ ​ယ​ခု​လို​ ​ပြုမူ​ခဲ့​ခြင်း​ဖြစ်​သည်​။ ​ဒေး​ဗစ်​က​ ​ဂျူအန်​၏​ ​လုပ်​ရပ်​မှာ​ ​ပ​ထ​မ​ဆုံး​ဖြစ်​နိုင်​ကြောင်း​၊​ ​အို​ဘား​မား​ရှေ့ထိ​ ၎င်း​ရောက်​သွား​ခြင်း​ ​ရှိ​မ​ရှိ​ ​မ​သေ​ချာ​ကြောင်း​၊​ ​သို့သော်​လည်း​ ​ထို​အ​တိုင်း​ ​အ​မှန်​ဖြစ်​လျှင်​ ​ပိုက်​ဆံ​ကို​ ​ထုတ်​ပေး​ရန်​ ​ဝ​န်​လေး​နေ​မည်​ ​မ​ဟုတ်​ကြောင်း​ ​ပြော​ဆို​ခဲ့​သည်​။ 

အလောင်း​အ​စား​ ​စည်း​မျဉ်း​အ​ရ​ ​အ​မျိုး​သား​ဖြစ်​စေ​၊​ ​အ​မျိုး​သ​မီး​ဖြစ်​စေ​ ​ကိုယ်​ တုံး​လုံး​ကျွတ်​ဖြင့်​ ​အို​ဘား​မား​ရှေ့ ရောက်​ချိန်​တွင်​ battlecam.com​ဟု​ ​၆​ ​ကြိမ်​တိ​တိ​ ​အော်​ရ​မည်​ဖြစ်​ပြီး​ ​ရင်​ဘတ်​တွင်​လည်း​ ​ထို​ဝက်​ဆိုက်​အ​မည်​ကို​ ​စာ​တန်း​ရေး​ထိုး​ထား​ရ​မည်​ဖြစ်​သည်​။ ​ဒေးဗစ်​က​ ၎င်း​သည်​ ​အို​ဘား​မား​အား​ ​နှစ်​သက်​သ​ဘော​ကျ​သူ​ ​တစ်ဦး​ဖြစ်​ကြောင်း​၊​ ​ယ​ခု​အ​လောင်း​ အ​စား​သည်​ ​သ​မ္မ​တ​အား​ ​ကျီစယ်​မှု​ ​တစ်​ခု​သာ​ဖြစ်​ကြောင်း​ ​ရှင်း​လင်း​ပြော​ကြား​ခဲ့​သည်​။ ​ရဲ​များ​သည်​ ​ဂျူအန်​အား​ ​ခေ​တ္တ​ထိန်း​သိမ်း​ပြီး​ ​နောက်​ပိုင်း​တွင်​ ​ပြန်​လွှတ်​ပေး​လိုက်​ကြောင်း​ ​သတင်း​ရ​ရှိ​သည်​။

Credit to kosithuaung (myanmar engineer forum)

No comments:

Post a Comment