ကျွန်တော်တို့ရဲ့မြို့ကလေး

Monday, January 3, 2011

မြန်မာဘာသာသုံး OS အသစ် မကြာမီ ထွက်တော့မည်

ဒီလိုဗျာ ကျွန်တော်က ကွန်ပျူတာနဲ့ ပတ်သက်ပြီး မတောက်တခေါက်လေး တတ်ထားတော့ သူငယ်ချင်းများ၊ သူငယ်ချင်းမဟုတ်သူများ က အကူညီတောင်းရင် ကွန်ပျူတာကို Clone လေးဆင်ပေးလိုက်၊ Branded လေး ဝယ်ပေးလိုက် လုပ်ပါတယ်၊ ကွန်ပျူတာ အဟောင်းလေးများကိုလည်း သုံးစွဲသူ (user) စိတ်ကြိုက်ဖြစ်အောင် Upgrade လုပ်ပေးလိုက်ပေါ့ဗျာ၊ အဲဒီလို လုပ်ပေးတဲ့အခါ ကျွန်တော် နေတဲ့ နေရာက ထိုင်းနယ်စပ်ဆိုတော့ကာ၊ Branded တွေဝယ်ပေးမိတဲ့အခါ၊ OS (Built In) ပါလာတာတဲ့အခါ ပြဿနာအကြီးအကျယ် တက်ပါလေရော၊ သိတယ်ဟုတ်လား ထိုင်းကဝယ်တော့ windows တစ်ခုလုံး ယပက်လက် (ထိုင်း) လိုချည်းပဲ၊ windows ပြန်တင်ရအောင်လည်း original licences ပြန်မတင်ရင်လည်း သုံးမယ့် သူတွေက (ဝယ်တဲ့သူ) သုံးမရ၊ နောက်မှ လိုက်ရှာကြည့်တော့ win xp မှာ (LIP=Langauge Interface Pack) ကိုတွေ့တော့ မှ ပြန်ဖြုတ်ပစ်၊ Regional setting ကို Myanmar ပြောင်း၊ ဟိုလုပ်ဒီလုပ်နဲ့ မှ International ပြန်ရ၊ ပြီးတော့ရော မပြီးသေးဘူး၊ သုံးတဲ့သူတွေက ပြဿနာရှာ (Complian) တက်ကြပြန်ရော၊ ရှမ်း(ထိုင်း) ဝင်းဒိုး တောင်ရှိတယ်၊ (အမှန်ပြောရရင် အရှေ့တောင်အာရှ မှာ မြန်မာကလွဲရင် အကုန် သူတို့ဒေသ ဗားရှင်း ရှိသလားတောင်မသိဘူး) မြန်မာဝင်းဒိုးပဲ ထည့်ပေးပါတဲ့၊ (ပြဿနာ) အဲဒါနဲ့ ဟိုလုပ်ဒီလုပ်နဲ့ My myanmar Unicode ကိုတွေ့သွားတော့ အဲဒါလေးသုံးပေးလိုက်ရင် နည်းနည်းတော့ အဆင်ပြေသား၊


အဲကြော်ငြာ ဝင်နေတာတဲ့လိုရင်းမရောက် ဖြစ်တော့မယ်၊ အခုတော့ The Voice Journal Jan-11 ကို (MEF=Myanmar Engineer Forum က ကိုရာမည အားကိုးနဲ့) ဖတ်လိုက်ရတယ်၊ အဲဒီမှာ ဦးငွေထွန်း ပြောတာလေးကိုပေါ့ (11-11-11) တစ်ခြောက်လုံးဆုံတဲ့နေ့မှာ မြန်မာဘာသာသုံး Os ထုတ်ဝေပြီး အများပြည်သူ အခမဲ့ပေးသုံးမယ်ဆိုပဲဗျာ၊ သတင်း အပြည့်အစုံက ဒီလိုပါ

မြန်မာစာသုံး OS ၂၀၁၁ တွင် အခမဲ့ ထုတ်ဝေမည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မြန်မာစာသုံး ကွန်ပျူတာစနစ် (Myanmar Operating System) ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ဝေမည်ဖြစ်ပြီး အခမဲ့ပေးသုံးသွား မည်ဖြစ်ကြောင်း Solveware Solution ၏ အမှုဆောင်အရာရှိချုပ် ဦးငွေထွန်းက ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ကျင်းပသောTEDx Youth @ Yangon ပွဲတွင် ပြောကြားသည်။ လူငယ်များအတွက်ရည်ရွယ်ကျင်းပသော၊ လူအများကြားတွင် ပျံ့နှံ့သင့်သော စိတ်ကူးစိတ်သန်းများကို အဓိကထားကာ ဟောပြောသည့်ပွဲဖြစ်သည့် မြန်မာ့ပထမဆုံးTEDx ပွဲတွင် တက်ရောက်ဟောပြောသူ ဦးငွေထွန်းက အဆိုပါ စနစ် ထုတ်ဝေမှုကိစ္စနှင့် ပတ်သက်၍ “မြန်မာစာသုံး စက်လည်ပတ်မှုစနစ်ဘာလို့မဖြစ်နိုင်ရမှာလဲ” ဟူသော ခေါင်းစဉ်ဖြင့် ပြောဆိုရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ သုံးစွဲသူများအတွက် အဆိုပါ မြန်မာစာသုံး ကွန်ပျူတာ OS စနစ်မှာ သုံးမည်ဆိုလျှင် သုံးလို့ရသည့် အခြေအနေအထိ ပြီးမြောက်နေပြီဖြစ်ကြောင်း၊ သို့သော် အက္ခရာစဉ် စနစ်၊ ပြက္ခဒိန်၊ သတ်ပုံအမှားရှာစနစ်၊ အမည်များ နှင့် အဘိဓာန်တို့ထည့်သွင်းရန် ကျန်ရှိ ကြောင်း ၎င်းကဆိုသည်။ ယခုထုတ်ဝေမည့်စနစ်ကို မြန်မာနိုင်ငံသမိုင်းတွင် စံအများဆုံး သတ်မှတ် ပြဋ္ဌာန်းပေးခဲ့သည့်သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသော အားဖြင့် “သာလွန်” ဟု အမည်ပေးထားကြောင်း၊ စိတ်ပါဝင်စားသူများနှင့် ၀ိုင်းဝန်းကူညီလိုသူများအနေ ဖြင့် http://code.google.com/p/thalun နှင့် ngwetun@solvewaresolution.net သို့ ဆက်သွယ် နိုင်ကြောင်းလည်း ၎င်းကဆိုသည်။ “ငွေကြေးအတွက် ထုတ်ကုန်မဟုတ်ပါဘူး။ အခမဲ့ပေးသွားမှာပါ” ဟု ဦးငွေထွန်းကဆိုသည်။ စိတ်ပါဝင်စားသူ များအနေဖြင့် မြန်မာစာသုံး စက်လည်ပတ်မှုစနစ် တစ်ရပ်ဖြစ်မြောက်လာစေရန် အိုင်တီပညာရှင် မဟုတ်သော်လည်း အသုံးအနှုန်းများ ဘာသာပြန်ခြင်း၊ ပရိုဂရမ်များ စမ်းသပ်ပေးခြင်း၊ အသုံးပြုသူလက်စွဲများ ကူညီရေးသားခြင်း၊ ရိုးရာဓလေ့ သရုပ်ဖော်ပုံများ ရေးဆွဲခြင်း၊ သုံးစွဲသူများ လက်ဝယ် ရောက်အောင် ကူညီခြင်း၊ မသုံးစွဲတတ်သူများကို သင်တန်းပို့ချခြင်း စသည်ဖြင့် ၀ိုင်းဝန်းကူညီ နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “ကျွန်တော်တို့ သမိုင်းမှာ ပြန်မကြုံနိုင်တဲ့ အကုန်လုံး ၁ တွေ ချည်းပဲ ဆုံတဲ့ရက် ၁၁-၁၁-၂၀၁၁ မှာ ထုတ်ဝေနိုင်အောင်ကြိုးစားသွားပါမယ့် လို့ ကတိပေးပါတယ်” ဟု ၎င်းကဆိုပြီး လာအိုကဲ့သို့ ကုန်းတွင်းပိတ်အာဆီယံ နိုင်ငံတွင် ပင် ကိုယ်ပိုင်ဘာသာစကားနှင့် စက်လည်ပတ်မှုစနစ်ကို သုံးစွဲနိုင်သည်ကို တွေ့ရကြောင်း၊ မြန်မာကွန်ပျူတာပညာရှင်များ တီထွင်သော မြန်မာစာသုံးစက်လည်ပတ်မှု စနစ်တစ်ရပ်ဖြစ်ထွန်း ပေါ်ပေါက်လျှင် နိုင်ငံခြားငွေများစွာ သက်သာနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။

အဆိုပါပွဲတွင် ဦးငွေထွန်းက ပြည်တွင်းရှိ Window OS အပါအ၀င် Software များ တရားမ၀င်သုံးစွဲနေသူ များကို ၂၀၁၃ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများပါ မဖြစ်မနေ လိုက်နာလာရမည့် TRIPS (Trade-Related Aspects of Intellectual Property Rights) ဥာဏ မူပိုင်ခွင့်ဆိုင်ရာနှင့် ပတ်သက်၍လည်း ကြိုတင်သတိပေးပြောဆိုခဲ့သည်။ မြန်မာစာသုံး ကွန်ပျူတာစနစ်ထုတ်ဝေခြင်းနှင့် ပတ်သတ်၍ အဆိုပါပွဲတက်ရောက်ခဲ့သူ ပြည်တွင်း အိုင်တီပညာရှင်တစ်ဦးက “ဒါဖြစ်သင့်တဲ့ကိစ္စပဲ” မှတ်ချက်ပြုသည်။

သတင်းရင်းမြစ် (The Voice Journal)

မြန်မာ တောင်ကိုးရီးယား အထူးဗီဇာ ကင်းလွတ်ခွင့်ပြု

မြန်မာ-တောင်ကိုရီးယား အထူး ဗီဇာကင်းလွတ်ခွင့် သဘောတူ


ဧရာဝတီ Thursday, 30 December 2010 12:57 သတင်းတိုများ

မြန်မာနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရရေး သဘောတူစာချုပ် ချုပ်ဆိုကြကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးက နေပြည်တော်သို့ လာရောက်၍ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စာချုပ်ချုပ်ဆိုကြခြင်း ဖြစ်သည်။

@ ဧရာဝတီ

အင်တာနက်တယ်လီဖုန်းများ တရုတ်နှိမ်နှင်း

အင်တာနက်ပေါ်ကနေ တရားမ၀င် ဖုန်းဆက်သွယ်မှု ၀န်ဆောင်မှု ပေးနေတာတွေကို တရုတ်နိုင်ငံမှာ ပိတ်ဆို့လိုက်ပြီလို့ တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။


ကြာသပတေး, 30 ဒီဇင်ဘာ 2010

လူကြိုက်များပြီး ဈေးသက်သာလှတဲ့ အမေရိကန် ကုမ္ပဏီကြီး SKYPE လို အင်တာနက် ဖုန်းလိုင်း ၀န်ဆောင်မှုကို အသုံးပြုနေကြတဲ့ တရုတ်နိုင်ငံသားတွေ အားလုံးကို ထိခိုက်သွားစေခဲ့ပါတယ်။
တရုတ်ရဲ့ သတင်းဆက်သွယ်ရေး နည်းပညာနဲ့ စက်မှုဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်ထဲမှာ အခုလို ပိတ်ဆို့မယ့် အကြောင်းကို အကျဉ်းရုံးပြီး ဖော်ပြထားပါတယ်။ ဘယ်လို အရေးယူမှုတွေနဲ့ ပိတ်ဆို့မယ်၊ အချိန်ဘယ်လောက် အတောအတွင်းမှာ ပိတ်ဆို့မယ် ဆိုတဲ့ အသေးစိတ်တွေကို ဖော်ပြထားခြင်း မရှိပါဘူး။
တရုတ်အစိုးရဟာ အစိုးရပိုင်ဖြစ်တဲ့ ချိုင်းနား တယ်လီကွန်း ကုမ္ပဏီနဲ့ ချိုင်းနား ယူနီကွန်း ကုမ္ပဏီ နှစ်ခုတို့ကိုပဲ ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး အင်တာနက်ပေါ်ကနေ ဖုန်းဆက်သွယ်မှု ၀န်ဆောင်ပေးခြင်းကို လုပ်ကိုင်ခွင့်လိုင်စင် ပေးထားတာ ဖြစ်ပါတယ်။

ဘေဂျင်း စာတိုက်နဲ့ ကြေးနန်း ဆက်သွယ်ရေး တက္ကသိုလ်ကြီးက ပါမောက္ခ ခန်းခေလီးက ဒီပိတ်ဆို့မှုဟာ SKYPE လို ကုမ္ပဏီမျိုးကို အစိုးရ ကုမ္ပဏီတွေက ဈေးခြင်း မယှဉ်နိုင်လို့ တဖက်သတ် စီးပွားရေးအရ ကာကွယ် ထိုးနှက် တိုက်ခိုက်ခြင်းသာ ဖြစ်ပြီးတော့ အင်တာနက်ဖုန်းကို ဈေးသက်သက်သာသာနဲ့ သုံးစွဲနေကြတဲ့ တရုတ်ပြည်သူတွေမှာသာ နစ်နာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

By ဗွီအိုအေ (မြန်မာဌာန)

Internet ပါသုံးနိုင်မယ့် McWLL ဖုန်းများ ရနိုင်ပါပြီ။

.အင်တာနက်ပါ အသုံးပြုနိုင်မည့် McWLL ဖုန်းများ စတင် ချပေးတော့မည်ဟုဆို


Thursday,30 December 2010, 5:50

အင်တာနက် တိုက်ရိုက် အသုံးပြုနိုင်မည့် စနစ်ပါရှိသည့် McWLL ဖုန်း (CDMA 400 MHz) များကို လာမည့် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးနှစ်ခုတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချပေးတော့မည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ မိုဘိုင်းဖုန်းဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေးမည့် အဆိုပါ McWLL ဖုန်းများ၏ ဆက်သွယ်မှု ကွန်ရက်မှာ မဂ္ဂါဟဇ် လေးရာ(400 MHz)သာ ရှိသော်လည်း အင်တာနက် ဆက်သွယ်မှု စနစ်ကိုမူ တိုက်ရိုက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် ပြီးခဲ့သည့် နှစ်အတွင်းက ရောင်းချပေးခဲ့သည့် အဆိုပါ McWLL ဖုန်းများအား အခြား စီဒီအမ်အေ ဖုန်းများကဲ့သို့ပင် ကျပ်ငါးသိန်း ဝန်းကျင်ဖြင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းအနေဖြင့် ရွေ့လျားသယ်ဆောင် အသုံးပြုနိုင်မည့် အဆိုပါ McWLL ဖုန်းများသည် အထိုင်ဖက်စ် (Fax) ဖုန်းများ အနေဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက် ဝန်ဆောင်မှုစနစ်ကို အသုံးပြုမှသာ ကျပ်ငါးသိန်းဝန်းကျင် ကုန်ကျမည်ဖြစ်ပြီး တယ်လီဖုန်း အဝင်အထွက် ခေါ်ဆိုခြင်းများသာ အသုံးပြုမည်ဆိုပါက ကျပ်လေးသိန်းခွဲ ဝန်းကျင်သာ ကုန်ကျမည်ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။ လာမည့် နှစ်ဆန်းပိုင်းအတွင်း ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးနှစ်ခုအတွက် စတင်ရောင်းချတော့မည့် အဆိုပါ ဖုန်းများအား ရတနာပုံတယ်လီပို့ ကုမ္ပဏီတွင်သာ လျှောက်ထားရမည်ဖြစ်ကြောင်း သတင်းရရှိသည်။



@yatanarpon

ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း တဲ့ဗျိုး

ဟောဒီက ယူကြဦးမလား ..........

ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း တဲ့ဗျိုး
ရတနာပုံမှ သတင်းလေးပါ

ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းအလုံးရေတစ်သိန်းခွဲကို နေပြည်တော်တွင်စတင်ချပေးမည်

Wednesday,29 December 2010


ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းအလုံးရေတစ်သိန်းခွဲကို ပထမအဆင့်အနေဖြင့် နေပြည်တော်ဒေသတွင် လာမည့်လအတွင်း စတင်ချထားပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာ ၀န်ရှိသူတစ်ဦးကပြောကြားသည်။ အဆိုပါဖုန်းများမှာ ၀၉-၄၂၊ ၀၉-၄၃ စသည့်နံပါတ်များဖြင့်စတင်ပြီး ဂဏန်း ၁၀ လုံးရှိမည့်ဖုန်းများဖြစ်ဖွယ်ရာရှိပြီး ဖုန်းခေါ်ဆိုခကြိုတင်ပေးသွင်းငွေအဖြစ် ကျပ်ငါးသောင်းကို ပေးဆောင်ရန်လိုအပ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူက “ဂျီအက်စ်အမ်ဖုန်းတွေကို နေပြည်တော်မှာ ပထမဆုံးအနေနဲ့ ကျပ်ငါးသိန်းနဲ့အသုံးပြုခွင့်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေ ပါတယ်။ လောလောဆယ်အချိန်မှာတော့ အလုံးရေတစ်သိန်းခွဲလျာထားတယ်ဆိုပေမယ့် ဒီမှာရှိနေတဲ့ ဂျီအက်စ်အမ်နက်ဝပ်ခ်တာဝါတိုင်တွေနဲ့ ဆာဗာတွေနိုင်သလောက်အထိ ချထားပေးဖို့ရှိတယ်” ဟု ပြောသည်။ ထိုဖုန်းများတွင် ဖုန်းခေါ်ဆိုခမှာ သတ်မှတ်နယ်မြေအတွင်းသုံးစွဲပါက တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်း၊ သတ်မှတ်နယ်မြေပြင်ပ ကျော်လွန်သုံးစွဲပါက တစ်မိနစ်လျှင် ကျပ် ၆၀ နှုန်းနှင့် သတင်းတိုစာပို့စနစ်အတွက် တစ်စောင်လျှင် ၂၅ ကျပ်နှုန်းဖြစ်သည်။


ရေးသားသူ - ကိုသက်

Source : Internet Journal



@yatanarpon

ဝတ်လစ်စလစ်ကမ္ဘာ တဲ့

ဝတ်လစ်စလစ်ကမ္ဘာ တဲ့ ဖတ်ကြည့်ကြပါဗျာ၊ ကြိုက်လွန်းလို့ Dr Lunswe ဆီက ခွင့်တောင်းပြီး ကူးလာခဲ့ပါတယ်။ အဟီး ကိုယ်မှ မရေးတတ်တာနော်


ဝတ်လစ်စလစ်ကမ္ဘာ


ဝတ်လစ်စလစ်ကမ္ဘာ


အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)



ကြည့်နေ …
ကြည့်ပြော …
ကြည့်စား …
ကြည့်သွား …
သိတယ်မဟုတ်လား
ခေတ်ကြီးက
လီကွမ်ယူလည်း
အပြောမတော်
ကမ္ဘာကျော် အတင်းပြောသူကြီးဖြစ်
ကိုသန်းရွှေရဲ့ လိုဏ်ခေါင်းတွေလည်း
မြေလျှိုးရာကနေ မိုးကိုပျံ
အိုယန်းကီးကြီးလည်း
မကုန်းရဘဲ ဖုံးထားသမျှတွေပေါ်
သြော် …
တော်တော်မလွယ်တဲ့ခေတ်
အားလုံး ... ၀တ်လစ်စလစ်ဖြစ်ကုန်ပါပေါ့လား။

ခေတ်ကြီးရဲ့ ကောင်းကွက်ကလေးကတော့ ...
ဝါသနာပါရင်
ကိုယ်တိုင် ဒါရိုက်တာ
ကိုယ်တိုင် ဇာတ်ညွှန်း
ကိုယ်တိုင် သရုပ်ဆောင်
ကိုယ်တိုင် ကင်မရာမင်း
ကိုယ်တိုင် တည်းဖြတ်
ကိုယ်တိုင် ထုတ်လုပ်သူ
(မိဘဘိုးဘွားဆီက နှိုက်ယူစရာမလို)
အားလုံးသော ကိုကို မမတွေ
မင်းသား မင်းသမီးဖြစ်နိုင်တဲ့ခေတ်
မပူနဲ့ … ယူကျုဘ်ရှိပြီကွဲ့လေ။

ဒါပေမယ့် …
နည်းပညာချောက်ကမ်းပါး
မိုးဟေကိုလေးလည်း သတိထား
ပဲရစ်ဟီလ်တန်လည်း သတိထား
စန္ဒီမြင့်လွင်လေးလည်း သတိထား
ဘရစ်တနီစပီးယားစ်လည်း သတိထား
နန္ဒာလှိုင်လေးလည်း သတိထား
ဂျနီဖာလိုပက်ဇ်လည်း သတိထား
ချစ်စနိုးဦးလေးလည်း သတိထား
ကင်မ်ဂါဒါရှိန်းလည်း သတိထား
မေနန်းခေါင်လေးလည်း သတိထား
မယ်စကြ၀ဠာလေးတွေလည်း သတိထား
အားလုံး အားလုံးသော ညီမလေးတွေ၊ အစ်မကြီးတွေလည်း သတိထား
ချစ်တုန်း ပြုံးပြုံး မုန်းတော့ မီးတဟုန်းဟုန်းတဲ့
(ဘာကိုမှ …)
အလွယ်ကူ မယုံစားလေနဲ့။

အထူးသဖြင့်တော့
သန်းတုပ်ရင်း အတင်းပြောတာ
“အဲဒါ … တို့ရိုးရာဟေ့” ဆိုတဲ့
ကျုပ်တို့ ရွှေမြန်မာများ
အလကားနေ ချက်တင်မပွားနဲ့
အလကားနေ ဖေ့စ်ဘွတ်ခ်မသွားနဲ့
အလကားနေ ဂျီတော့ခ်မပြောနဲ့
အလကားနေ တွီတာမသုံးနဲ့
အလကားနေ စကိုင်းပီမပြောနဲ့
စကား စကား ပြောပါများ
ဘုရား … ဘုရား အစက ဒီလိုမှန်းမသိလို့ပါဗျား ဖြစ်ကုန်မယ်။

ဟော … အခုလည်းကြည့်ပါလား
အသေအချာ ဖွက်ထားတဲ့ ဒီကဗျာ
ဘယ်ကဘယ်လို အတောင်ပေါက်
အင်တာနက်ပေါ် ရောက်လာရပြန်တာလဲ။ ။

အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)

ဒေါ်စု တစ်ကယ်လွတ်ပါပြီ



DVB သတင်းကို ကူးယူဖေါ်ပြခြင်းပါ
အားလုံးဝမ်းသာစေရန် ရည်ရွယ်ပါသည်၊

တစ်ချို့ကလွဲရင်ပေါ့
လာဆဲရင်လက် လက်ခံပါသည် :P :P
နောက်ထပ် ဆုံဆည်းရာမှ ပါ
ဆုံဆည်းရာ ၁၃ ရက် နိုဝင်ဘာလ ၂၀၁၀

မြန်မာစံတော်ချိန်..... ၆ နာရီ ၃၁ မိနစ် ----------------------------------------------------------------------
ည(၆ နာရီ ၃၁ မိနစ်) ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုအား နှုတ်ဆက်စကားပြောဆိုပြီး နေအိမ်အတွင်းသို့ ပြန်လည် ၀င်ရောက်သွားပြီဖြစ်ကြောင်း သိရှိရသည်
ည(၆ နာရီ ၁၄ မိနစ်) မနက်ဖြန် ၁၂ နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရှိရသည်။
ညနေ(၅ နာရီ ၁၀ မိနစ်) ဒေါ်စုလွတ်ပြီ။ ည ၇ နာရီလောက်မှာ ရွှေဂုံတိုင်ရုံးကို ရောက်မယ်လို့ NLD လူငယ်အဖွဲ့ဝင် ကိုရာဇာက ပြောသည်။ CEC ၃ ယောက်နဲ့ သံတမန်တချို့ ဒေါ်စု ခြံဝင်းထဲသို့ ၀င်သွားကြောင်း ပြောပါတယ်။