.အင်တာနက်ပါ အသုံးပြုနိုင်မည့် McWLL ဖုန်းများ စတင် ချပေးတော့မည်ဟုဆို
Thursday,30 December 2010, 5:50
အင်တာနက် တိုက်ရိုက် အသုံးပြုနိုင်မည့် စနစ်ပါရှိသည့် McWLL ဖုန်း (CDMA 400 MHz) များကို လာမည့် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးနှစ်ခုတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချပေးတော့မည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ မိုဘိုင်းဖုန်းဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေးမည့် အဆိုပါ McWLL ဖုန်းများ၏ ဆက်သွယ်မှု ကွန်ရက်မှာ မဂ္ဂါဟဇ် လေးရာ(400 MHz)သာ ရှိသော်လည်း အင်တာနက် ဆက်သွယ်မှု စနစ်ကိုမူ တိုက်ရိုက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် ပြီးခဲ့သည့် နှစ်အတွင်းက ရောင်းချပေးခဲ့သည့် အဆိုပါ McWLL ဖုန်းများအား အခြား စီဒီအမ်အေ ဖုန်းများကဲ့သို့ပင် ကျပ်ငါးသိန်း ဝန်းကျင်ဖြင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းအနေဖြင့် ရွေ့လျားသယ်ဆောင် အသုံးပြုနိုင်မည့် အဆိုပါ McWLL ဖုန်းများသည် အထိုင်ဖက်စ် (Fax) ဖုန်းများ အနေဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက် ဝန်ဆောင်မှုစနစ်ကို အသုံးပြုမှသာ ကျပ်ငါးသိန်းဝန်းကျင် ကုန်ကျမည်ဖြစ်ပြီး တယ်လီဖုန်း အဝင်အထွက် ခေါ်ဆိုခြင်းများသာ အသုံးပြုမည်ဆိုပါက ကျပ်လေးသိန်းခွဲ ဝန်းကျင်သာ ကုန်ကျမည်ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။ လာမည့် နှစ်ဆန်းပိုင်းအတွင်း ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးနှစ်ခုအတွက် စတင်ရောင်းချတော့မည့် အဆိုပါ ဖုန်းများအား ရတနာပုံတယ်လီပို့ ကုမ္ပဏီတွင်သာ လျှောက်ထားရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
@yatanarpon
မြန်မာနိုင်ရဲ့အရှေ့တောင် ယွန်းယွန်းကလေး မှာပေါ့၊ “ဘုရားသုံးဆူ” လို့ ခေါ်တဲ့ လူသိပ်မသိသေးတဲ့ နယ်စပ်မြို့ကလေးကနေပြီး၊ အပြင်းပြေတင်မိတဲ့ Blog လေးပါ။ လာလည်ကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်၊ မေးလ် ကတော့ skhaung@gmail.com ပါ။
Monday, January 3, 2011
ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း တဲ့ဗျိုး
ဟောဒီက ယူကြဦးမလား ..........
ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း တဲ့ဗျိုး
ရတနာပုံမှ သတင်းလေးပါ
ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းအလုံးရေတစ်သိန်းခွဲကို နေပြည်တော်တွင်စတင်ချပေးမည်
Wednesday,29 December 2010
ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းအလုံးရေတစ်သိန်းခွဲကို ပထမအဆင့်အနေဖြင့် နေပြည်တော်ဒေသတွင် လာမည့်လအတွင်း စတင်ချထားပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာ ၀န်ရှိသူတစ်ဦးကပြောကြားသည်။ အဆိုပါဖုန်းများမှာ ၀၉-၄၂၊ ၀၉-၄၃ စသည့်နံပါတ်များဖြင့်စတင်ပြီး ဂဏန်း ၁၀ လုံးရှိမည့်ဖုန်းများဖြစ်ဖွယ်ရာရှိပြီး ဖုန်းခေါ်ဆိုခကြိုတင်ပေးသွင်းငွေအဖြစ် ကျပ်ငါးသောင်းကို ပေးဆောင်ရန်လိုအပ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူက “ဂျီအက်စ်အမ်ဖုန်းတွေကို နေပြည်တော်မှာ ပထမဆုံးအနေနဲ့ ကျပ်ငါးသိန်းနဲ့အသုံးပြုခွင့်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေ ပါတယ်။ လောလောဆယ်အချိန်မှာတော့ အလုံးရေတစ်သိန်းခွဲလျာထားတယ်ဆိုပေမယ့် ဒီမှာရှိနေတဲ့ ဂျီအက်စ်အမ်နက်ဝပ်ခ်တာဝါတိုင်တွေနဲ့ ဆာဗာတွေနိုင်သလောက်အထိ ချထားပေးဖို့ရှိတယ်” ဟု ပြောသည်။ ထိုဖုန်းများတွင် ဖုန်းခေါ်ဆိုခမှာ သတ်မှတ်နယ်မြေအတွင်းသုံးစွဲပါက တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်း၊ သတ်မှတ်နယ်မြေပြင်ပ ကျော်လွန်သုံးစွဲပါက တစ်မိနစ်လျှင် ကျပ် ၆၀ နှုန်းနှင့် သတင်းတိုစာပို့စနစ်အတွက် တစ်စောင်လျှင် ၂၅ ကျပ်နှုန်းဖြစ်သည်။
ရေးသားသူ - ကိုသက်
Source : Internet Journal

ဝတ်လစ်စလစ်ကမ္ဘာ တဲ့
ဝတ်လစ်စလစ်ကမ္ဘာ တဲ့ ဖတ်ကြည့်ကြပါဗျာ၊ ကြိုက်လွန်းလို့ Dr Lunswe ဆီက ခွင့်တောင်းပြီး ကူးလာခဲ့ပါတယ်။ အဟီး ကိုယ်မှ မရေးတတ်တာနော်
ဝတ်လစ်စလစ်ကမ္ဘာ
ကြည့်နေ …
ကြည့်ပြော …
ကြည့်စား …
ကြည့်သွား …
သိတယ်မဟုတ်လား
ခေတ်ကြီးက
လီကွမ်ယူလည်း
အပြောမတော်
ကမ္ဘာကျော် အတင်းပြောသူကြီးဖြစ်
ကိုသန်းရွှေရဲ့ လိုဏ်ခေါင်းတွေလည်း
မြေလျှိုးရာကနေ မိုးကိုပျံ
အိုယန်းကီးကြီးလည်း
မကုန်းရဘဲ ဖုံးထားသမျှတွေပေါ်
သြော် …
တော်တော်မလွယ်တဲ့ခေတ်
အားလုံး ... ၀တ်လစ်စလစ်ဖြစ်ကုန်ပါပေါ့လား။
ခေတ်ကြီးရဲ့ ကောင်းကွက်ကလေးကတော့ ...
ဝါသနာပါရင်
ကိုယ်တိုင် ဒါရိုက်တာ
ကိုယ်တိုင် ဇာတ်ညွှန်း
ကိုယ်တိုင် သရုပ်ဆောင်
ကိုယ်တိုင် ကင်မရာမင်း
ကိုယ်တိုင် တည်းဖြတ်
ကိုယ်တိုင် ထုတ်လုပ်သူ
(မိဘဘိုးဘွားဆီက နှိုက်ယူစရာမလို)
အားလုံးသော ကိုကို မမတွေ
မင်းသား မင်းသမီးဖြစ်နိုင်တဲ့ခေတ်
မပူနဲ့ … ယူကျုဘ်ရှိပြီကွဲ့လေ။
ဒါပေမယ့် …
နည်းပညာချောက်ကမ်းပါး
မိုးဟေကိုလေးလည်း သတိထား
ပဲရစ်ဟီလ်တန်လည်း သတိထား
စန္ဒီမြင့်လွင်လေးလည်း သတိထား
ဘရစ်တနီစပီးယားစ်လည်း သတိထား
နန္ဒာလှိုင်လေးလည်း သတိထား
ဂျနီဖာလိုပက်ဇ်လည်း သတိထား
ချစ်စနိုးဦးလေးလည်း သတိထား
ကင်မ်ဂါဒါရှိန်းလည်း သတိထား
မေနန်းခေါင်လေးလည်း သတိထား
မယ်စကြ၀ဠာလေးတွေလည်း သတိထား
အားလုံး အားလုံးသော ညီမလေးတွေ၊ အစ်မကြီးတွေလည်း သတိထား
ချစ်တုန်း ပြုံးပြုံး မုန်းတော့ မီးတဟုန်းဟုန်းတဲ့
(ဘာကိုမှ …)
အလွယ်ကူ မယုံစားလေနဲ့။
အထူးသဖြင့်တော့
သန်းတုပ်ရင်း အတင်းပြောတာ
“အဲဒါ … တို့ရိုးရာဟေ့” ဆိုတဲ့
ကျုပ်တို့ ရွှေမြန်မာများ
အလကားနေ ချက်တင်မပွားနဲ့
အလကားနေ ဖေ့စ်ဘွတ်ခ်မသွားနဲ့
အလကားနေ ဂျီတော့ခ်မပြောနဲ့
အလကားနေ တွီတာမသုံးနဲ့
အလကားနေ စကိုင်းပီမပြောနဲ့
စကား စကား ပြောပါများ
ဘုရား … ဘုရား အစက ဒီလိုမှန်းမသိလို့ပါဗျား ဖြစ်ကုန်မယ်။
ဟော … အခုလည်းကြည့်ပါလား
အသေအချာ ဖွက်ထားတဲ့ ဒီကဗျာ
ဘယ်ကဘယ်လို အတောင်ပေါက်
အင်တာနက်ပေါ် ရောက်လာရပြန်တာလဲ။ ။
အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)

ဒေါ်စု တစ်ကယ်လွတ်ပါပြီ
DVB သတင်းကို ကူးယူဖေါ်ပြခြင်းပါ
အားလုံးဝမ်းသာစေရန် ရည်ရွယ်ပါသည်၊
တစ်ချို့ကလွဲရင်ပေါ့
လာဆဲရင်လက် လက်ခံပါသည် :P :P
နောက်ထပ် ဆုံဆည်းရာမှ ပါ
ဆုံဆည်းရာ ၁၃ ရက် နိုဝင်ဘာလ ၂၀၁၀
မြန်မာစံတော်ချိန်..... ၆ နာရီ ၃၁ မိနစ် ----------------------------------------------------------------------
ည(၆ နာရီ ၃၁ မိနစ်) ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုအား နှုတ်ဆက်စကားပြောဆိုပြီး နေအိမ်အတွင်းသို့ ပြန်လည် ၀င်ရောက်သွားပြီဖြစ်ကြောင်း သိရှိရသည်
ည(၆ နာရီ ၁၄ မိနစ်) မနက်ဖြန် ၁၂ နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရှိရသည်။
ညနေ(၅ နာရီ ၁၀ မိနစ်) ဒေါ်စုလွတ်ပြီ။ ည ၇ နာရီလောက်မှာ ရွှေဂုံတိုင်ရုံးကို ရောက်မယ်လို့ NLD လူငယ်အဖွဲ့ဝင် ကိုရာဇာက ပြောသည်။ CEC ၃ ယောက်နဲ့ သံတမန်တချို့ ဒေါ်စု ခြံဝင်းထဲသို့ ၀င်သွားကြောင်း ပြောပါတယ်။
Friday, October 22, 2010
မုန်တိုင်းဂီရိ
မုန်တိုင်းဂီရိရဲ့ လက်ရှိဖြစ်ပေါ်နေပုံလေးပါ
လက်ရှိ ဆိုင်ကလုန်းဂီရိ ရဲ့ဖြစ်ပေါ်နေပုံလေးပါ
UTC 2:46+6:30= 9:16 မြန်မာစံတော်ချိန်
နောက် (၅)ရက် အတွက် ခန့်မှန်း
စတင်ဝင်ရောက်သည်မှ ယခုအချိန် (12း12)(23-10-2010)
ယခု 23-10-2010 (43း8) အချိန်ဖြစ်ပေါ်နေပုံပါ
Wednesday, October 20, 2010
ဝန်ဆောင်မှုပုံစံ နှစ်မျိုးပေးမည့် ပုဂ္ဂလိက ရုပ်သံလိုင်းက အင်ဒိုချိုင်းနားကျွန်းဆွယ်အထိ ဖမ်းယူနိုင်မည်ဟုဆို 7 Day News | Yatanarpon
ဝန်ဆောင်မှုပုံစံ နှစ်မျိုးပေးမည့် ပုဂ္ဂလိက ရုပ်သံလိုင်းက အင်ဒိုချိုင်းနားကျွန်းဆွယ်အထိ ဖမ်းယူနိုင်မည်ဟုဆို
Friday,15 October 2010, 22:24
ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်နှင့် ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်တို့မှ အကျိုးတူ ပူးပေါင်းပြီး အင်ဒိုချိုင်းနား ကျွန်းဆွယ်အထိပါ ဖမ်းယူရှိနိုင်မည့် Sky Net ဟူသော ပုဂ္ဂလိက ရုပ်သံလိုင်းသစ် တစ်ခုကို မကြာမီစတင်လွှင့်တင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။ ရွှေသံလွင်မီဒီယာကုမ္ပဏီနှင့် အစိုးရဝန်ကြီးဌာနများ၊ ပုဂ္ဂလိကနည်းပညာ ကုမ္ပဏီများ ပူးပေါင်းထုတ်လွှင့်တော့မည့် အဆိုပါ Sky Net ရုပ်သံလိုင်းအား အိမ်အရောက်ပို့ ဝန်ဆောင်မှုစနစ် Direct to Home(DTH) နှင့်၊ အင်တာနက်စနစ်၊ တယ်လီဖုန်း ဆက်သွယ်ရေး စနစ်များ ပါရှိလာမည့် Sky Net Multiple- Play Service (MPS) ဟူသော ဝန်ဆောင်မှု နှစ်မျိုးကို ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ လီမိတက်မှ ဒုတိယမန်နေဂျင်း ဒါရိုက်တာ ဦးမိုးဇော်က ပြောသည်။ Sky Net-DTH ဝန်ဆောင်မှု ဆိုသည်မှာ ရုပ်သံလိုင်းများကို ဂြိုဟ်တုမှ တစ်ဆင့် ကြည့်ရှုသူ၏ အိမ်အ ရောက်တိုက်ရိုက်ဝန်ဆောင်မှု တစ်ခုဖြစ်သည်။
အဆိုပါ ဝန်ဆောင်မှုအား မြန်မာတစ်နိုင်ငံလုံးအနှံ့ မည်သည့်ဒေသမျှ မကျန်ရာနှုန်းပြည့် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး အင်ဒိုချိုင်းနား ကျွန်းဆွယ်ရှိ နိုင်ငံများအထိပါ ဖမ်းယူရရှိနိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီ၏ နည်းပညာအရာရှိချုပ် ဦးမျိုးမင်းက ပြောသည်။ SkyNet ၏ DTH ဝန်ဆောင်မှုတွင် ကမ္ဘာတစ်ဝန်းမှ အကျော်ကြားဆုံး ဖျော်ဖြေရေး ရုပ်သံလိုင်းများ၊ ပြည်တွင်းပြည်ပ ရုပ်သံ ဇာတ်လမ်းတွဲများ အားကစား ရုပ်သံလိုင်းများနှင့် အခြားသော စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် ရုပ်သံလိုင်း သုံးဆယ့်ရှစ်လိုင်းကို ထုတ်လွှင့်ပြသ သွားမည်ဟု သိရသည်။ နည်းပညာပိုင်းဆိုင်ရာနှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည့် Sky Net-MPS ဝန်ဆောင်မှုတွင်မူ အင်တာနက် ဆက်သွယ်ရေးစနစ်၊ ပြည်တွင်း၊ ပြည်ပ တယ်လီဖုန်း ဆက်သွယ်မှုများကို ဆောင်ရွက်နိုင်မည့် VoIP Service ဟူသော တယ်လီဖုန်း ဝန်ဆောင်မှုများကို ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Sky Net-MPS ဝန်ဆောင်မှုသည် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်းအထိ အသုံးပြုနိုင်မည်ဖြစ်ပြီး Broadband Internet စနစ်ပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်ဟု သိရသည်။ Sky Net-MPS ဝန်ဆောင်မှုကို အသုံးပြုလိုသူများ အနေဖြင့် iPstar အင်တာနက် ဆက်သွယ်မှုလိုင်းကို အဆင်သင့် တပ်ဆင်ထားပြီးဖြစ်ပါက တယ်လီဖုန်းလိုင်း လေးလိုင်းကို ထိုဝန်ဆောင် မှုစန်စဖြင့် ချိတ်ဆက်ပြီး ယခင်အတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော် ထိုဝန်ဆောင်မှုပေါ်တွင် iPstar အင်တာနက် ဆက်သွယ်မှုလိုင်း အသစ်လျှောက်ထားမည် ဆိုပါက တယ်လီဖုန်းလိုင်း တစ်လိုင်းသာ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်ရေးကို ပူးတွဲအသုံးပြုနိုင်မည့် အဆိုပါ MPS စနစ်တွင် Video Conferencing လုပ်ငန်းများကိုပါ ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အင်ဂျင်နီယာချုပ် ဦးတင်ဝမ်းက ပြောသည်။
ပြည်တွင်း၏ ဖျော်ဖြေရေးရုပ်သံလိုင်းများတွင် ကျယ်ပြန့်သည့် ပုဂ္ဂလိကရုပ်သံလိုင်းတစ်ခု ဖြစ်သည့် အဆိုပါ Sky Net ရုပ်သံလိုင်းသစ်အား တပ်ဆင်အသုံးပြုလိုသူများအနေဖြင့် On the Move ဟူသော ဝန်ဆောင်မှုကိုလည်း ရရှိမည်ဖြစ်သည်။ အဆိုပါဝန်ဆောင်မှုမှာ ရေလမ်း၊ ကုန်းလမ်း အစရှိသည့် မည်သည့် လမ်းခရီးပေါ်တွင်မဆို သွားလာရင်းအသုံးပြုနိုင်မည့် စနစ်တစ်ခုဖြစ်ပြီး Satellite Dish များကို အသုံးပြု ထားခြင်းဖြစ်ကြောင်း သိရသည်။ ရွှေသံလွင် မီဒီယာကုမ္ပဏီ၏ Sky Net-DTH ရုပ်သံလိုင်းသည် အင်တာနက်၊ တယ်လီဖုန်း ဆက်သွယ်မှု များ ပါဝင်မည် မဟုတ်သော်လည်း အင်ဒိုချိုင်းနား ကျွန်းဆွယ်နိုင်ငံများ အထိပါ ဖမ်းယူကြည့်ရှု နိုင်မည်ဖြစ်သည်။ ယင်းရုပ်သံလိုင်းအား ဖမ်းယူ ကြည့်ရှုနိုင်ရန်အတွက် နှစ်ပေစလောင်း (သို့မဟုတ်) နှစ်ပေခွဲစလောင်းတစ်ခု(75cm)၊ ဒစ်ဂျစ်တယ် ရုပ်သံဖမ်းစက်တစ်ခု၊ Smart Card တစ်ခုတို့ လိုအပ်မည်ဖြစ်သည်။
Sky Net-MPS ကိုမူ တစ်နိုင်ငံလုံး၏ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းသာ သုံးစွဲနိုင်မည် ဖြစ်သော်လည်း အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်မှု များ ပါရှိမည်ဖြစ်သည်။ ယင်းဝန်ဆောင်မှုအတွက် (1.2m) ဂြိုလ်တု စလောင်းတစ်ခု၊ ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက် (Set-Top-Box) တစ်ခုတို့ လိုအပ်မည်ဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူများထံမှ သိရသည်။ အဆိုပါဝန်ဆောင်မှုအားအခြားသော အင်တာနက်ဆက်သွယ်မှု လိုင်းများ ဖြစ်သည့် ADSL, Fttx အစရှိသည့် လိုင်းများဖြင့်လည်း ဆက်သွယ် အသုံးပြုနိုင်မည်ဟု သိရသည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ သတင်းအချက် အလက်ဆိုင်ရာ လုပ်ငန်းများကို တစ်ဦးတည်း လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိထားသည့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီသည်လည်း အိမ်အရောက် ဖိုက်ဘာဆက်ကြောင်း အင်တာနက် ဝန်ဆောင်မှုစနစ် ဖြစ်သည့် Triple Play ဟူသော ဖိုက်ဘာဆက်ကြောင်း အင်တာနက် ဝန်ဆောင်မှု၊ ပြည်တွင်းပြည်ပသို့ တယ်လီဖုန်း ဆက်သွယ်မှု ပြုလုပ်နိုင်သည့် VoIP ဆက်သွယ်ရေး စနစ်နှင့် ပြည်တွင်းပြည်ပ ဖျော်ဖြေရေး ရုပ်သံလိုင်းများကို ကြည့်ရှုနိုင်သည့် TV Channel အစရှိသည့် အလားတူ ဝန်ဆောင်မှုမျိုးကို ပေးနေပြီ ဖြစ်ကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
Credit to Yatanar Pon
7 Day News | Yatanarpon

Monday, October 18, 2010
ကြံကြံဖန်ဖန် (ကိုအမေရိကန်)
အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောနေစဉ် ကိုယ်တုံးလုံး ချွတ်ပြသူ
Saturday, 16 October 2010 23:33
အသက် ၂၄ နှစ်ရှိ လူတစ်ဦးသည် အလောင်းအစား တစ်ခုပြုလုပ်ပြီးနောက် အမေရိကန်သမ္မတ ဘာရတ်အိုဘားမား မိန့်ခွန်းပြောမည့် အခမ်းအနားတစ်ခုအတွင်း လူအများ စုရုံးနေစဉ် ကိုယ်တုံးလုံး ချွတ်ပြခဲ့ကြောင်း သိရသည်။
ဘီလျံနာ သူဌေးတစ်ဦးနှင့် ဒေါ်လာတစ်သန်းကြေး အလောင်းအစား ပြုလုပ်ရန် သဘောတူညီမှု ရရှိပြီးနောက် ဂျူအန်ရိုဒရီဂွတ်သည် ဖီလာဒဲဖီးယားရှိ သမ္မတအား ကြိုဆိုနှုတ်ဆက်နေသူများကြား ယခုလို အတတ်ဆန်းခဲ့ခြင်းဖြစ်သည်။ မိမွေးတိုင်း၊ ဖမွေးတိုင်းဖြင့် အခမ်းအနားသို့ တက်ရောက်လာသော ဂျူအန်ကို ရဲများက ဖမ်းဆီးခဲ့သည်။ ဗြိတိသျှ ဘီလျံနာ သူဌေးကြီး အကီဒေးဗစ်က အိုဘားမားရှေ့သို့ ကိုယ်တုံးလုံးဖြင့် သွားပြသူကို ဒေါ်လာတစ်သန်း ဆုချီးမြှင့်မည်ဟု ၎င်း၏ ဝဘ်ဆိုဒ်ဖြစ်သည့် battlecam.com တွင် ရေးသားခဲ့ပြီးနောက် ဂျူအန်က ယခုလို ပြုမူခဲ့ခြင်းဖြစ်သည်။ ဒေးဗစ်က ဂျူအန်၏ လုပ်ရပ်မှာ ပထမဆုံးဖြစ်နိုင်ကြောင်း၊ အိုဘားမားရှေ့ထိ ၎င်းရောက်သွားခြင်း ရှိမရှိ မသေချာကြောင်း၊ သို့သော်လည်း ထိုအတိုင်း အမှန်ဖြစ်လျှင် ပိုက်ဆံကို ထုတ်ပေးရန် ဝန်လေးနေမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
အလောင်းအစား စည်းမျဉ်းအရ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ကိုယ် တုံးလုံးကျွတ်ဖြင့် အိုဘားမားရှေ့ ရောက်ချိန်တွင် battlecam.comဟု ၆ ကြိမ်တိတိ အော်ရမည်ဖြစ်ပြီး ရင်ဘတ်တွင်လည်း ထိုဝက်ဆိုက်အမည်ကို စာတန်းရေးထိုးထားရမည်ဖြစ်သည်။ ဒေးဗစ်က ၎င်းသည် အိုဘားမားအား နှစ်သက်သဘောကျသူ တစ်ဦးဖြစ်ကြောင်း၊ ယခုအလောင်း အစားသည် သမ္မတအား ကျီစယ်မှု တစ်ခုသာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ရဲများသည် ဂျူအန်အား ခေတ္တထိန်းသိမ်းပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
Credit to kosithuaung (myanmar engineer forum)

Subscribe to:
Posts (Atom)