ကျွန်တော်တို့ရဲ့မြို့ကလေး

Monday, March 7, 2011

CDMA 800 MHz သုံး HUAWEI ဟန်းဆက်များ 450 MHz သို့ ပြောင်းသုံးနိုင်

CDMA 800 MHz သုံး HUAWEI ဟန်းဆက်များ 450 MHz သို့ ပြောင်းသုံးနိုင်Average:


0.Your rating: None

By IT weekly





မန်းမှာ 800 MHz သုံး Huawei ဟန်းဆက်တွေကို CDMA 450 MHz ငါးသိန်းဖုန်း (နံပါတ် ၀၉-၄၇၁ . . .) RUIM ကတ်ကို အသုံးပြုလိုရင် Channel ပြောင်းဖို့ လိုတယ်လို့ ဖုန်းအကျိုးဆောင် တစ်ဦးက ဆိုပါတယ်။CDMA 800 MHz (၀၉-၉၁၀. . . . .) RUIM ကတ် ထည့်သွင်း အသုံးပြုနေတဲ့ Huawei ဟန်းဆက်တွေထဲကို CDMA 450 MHz (၀၉-၄၇၁ . . . .) RUIM ကတ် ပြောင်းလဲ ထည့်သွင်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ Huawei ဟန်းဆက်ပဲ သုံးနိုင်ပြီး တခြားဟန်းဆက် အမျိုးအစားတွေမှာတော့ အသုံးပြုလို့ မရဘူးလို့ သိရပါတယ်။ 450 MHz (၀၉-၄၇၁ . . . .) RUIM ကတ်နဲ့ သုံးမယ်ဆိုရင် Channel နပါတ် ၇၃ သို့ ပြောင်းရမှာဖြစ်ပြီး 800 MHz (၀၉-၉၁၀ . . . ) RUIM ကတ်နဲ့ သုံးမယ်ဆိုရင် Channel နံပါတ် 199 သို့ ပြောင်းကာ အသုံးပြုရမှာ ဖြစ်ပါတယ်။ ပြောင်းပုံ အဆင့်ဆင့်ကတော့ ဖုန်းနံပါတ်သစ် တစ်ခုခုသို့ ခေါ်ဆိုဖို့ အသင့်ဖြစ်နေတဲ့ အနေအထားမှာ ## 497163 Keypad တွေကို ရိုက်နှိပ်အပြီးမှာ ဖုန်းခေါ်ဆိုတဲ့ Keypad ကိုနှိပ်ရမှာ ဖြစ်ပါတယ်။ (ဖုန်းနံပါတ် ## 497613 သို့ ဖုန်းခေါ်ဆိုတယ်လို့ ရိုးရိုးရှင်းရှင်း မှတ်ယူနိုင်ပါတယ်။) အဲဒီ့အခါ Menu ကျလာပါမယ်။ ကျလာတဲ့ Menu တွေထဲက RF test ကို ရွေးချယ်ပြီး Select လုပ်ရပါမယ်။ နောက်ထပ် Menu (Submenu)ကျလာပါလိမ့်မယ်။ ကျလာတဲ့ Menu တွေ Channel ကို ရွေးပြီး Select လုပ်ရပါဦးမယ်။ နောက်ထပ် Sub-menu တစ်ခု ထပ်ကျလာပါမယ်။ Menu တွေထဲက 1× Channel ကိုထပ်ရွေးပြီး Select လုပ်လိုက်တဲ့ အခါမှာတော့ သက်ဆိုင်ရာ Channel နံပါတ် ရိုက်ထည့်နိုင်တဲ့ Box လေးကျလာမယ်လို့ သူကဆိုပါတယ်။ ကျလာတဲ့ Box ထဲမှာ CDMA 450 MHz သုံးနိုင်ဖို့ Channel နံပါတ် 73 ကို ရိုက်ထည့်ရမှာ ဖြစ်ပြီး CDMA 800 MHz သုံးမယ် ဆိုရင်တော့ Channel နံပါတ် 199 ကို ရိုက်ထည့်ကာ အပြန်အလှန် ပြောင်းလဲ အသုံးပြုနိုင်တာ ဖြစ်တယ်လို့ သူက ဆက်ရှင်းပြပါတယ်။



ရေးသားသူ - လပြည့်

IT weekly @yatanarpon

2 comments: